မင်္ဂလာပါ
ကျွန်တော် အခု တစ်ခေါက်တင်ပြပေးမှာကတော့ IP ကျော်ခွ သုံးတဲ့ နည်းလေး တစ်ခုဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ IP ထပ်တဲ့ ပြဿနာက တော်တော် ဖြစ်နေပါတယ်။ ကျန်တဲ့ နေရာတွေမှာ သုံးရတာ ပြဿနာမရှိပေမဲ့ အွန်လိုင်းငွေရှာတဲ့ နေရာမှာ တော်တော် ဒုက္ခရောက်ပါတယ်။ ပထမတော့ ကျွန်တော် ဒီနည်းကို မတင်ပေးပါဘူး ဒါပေမဲ့ မြန်မာနိုင်ငံကနေ ငွေရှာတဲ့ ဆိုဒ်တွေမှာ Register လုပ်ရင် (sorry ip is already used by other member) ဆိုတဲ့ စကားလုံးနဲ့ လူတိုင်းနည်းပါ ကြုံနေရလို့ ဒီနည်းကို တင်ပေးဖြစ်တာပါ။ ကျွန်တော် အခု တင်ပြပေးမှာက firefox browser မှာ ပြုလုပ်ဖို့ ဖြစ်ပါတယ်။ firefox browser မရှိဘူးဆိုရင်တော့ ဒီမှာ free download ရယူနိုင်ပါတယ်။ အရင်ဦးဆုံး ကျွန်တော်တို့ နိုင်ငံပေါင်းစုံရဲ့ IP Address လေးတွေကို ကြည့်ပြီး မိမိတို့ နှစ်သက်တဲ့ နိုင်ငံကို ရွေးသုံးလိုက်ပါ။ ကဲ ဒီကနေ သွားကြည့်လိုက်ပါ။ အောက်က ပုံအတိုင်း တွေရပါမယ်။
အချိန်နဲ့ တပြေးညီ IP Address အသစ်ထုတ်ပေးနေပါတယ်။အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း တွေ့ရပြီ ဆိုရင်တော့ မိမိတို့ ကြိုက်နှစ်သက်ရာ နိုင်ငံရဲ့ IP ကို ယူသုံးနိုင်ပါတယ် ... Turkey ဆိုတဲ့နိုင်ငံရဲ့ IP Address က 88.255.147.83 ဖြစ်ပြီး Port ကတော့ 8080 ကအကောင်းဆုံး ဖြစ်ပါတယ် ... ကဲ အခု ပြုလုပ်ရမှာကတော့ Firefox Browser ကို ဖွင့်လိုက်ပါ။
ကျွန်တော် ပုံမှာ ပြထားတဲ့အတိုင်း အပေါ် ညာဘက်ထောက်က Firefox အောက်ဆိုဒ်မြှားလေးကို နှိပ်လိုက်ပါ ပြီးရင် Options ကို နှိပ်လိုက်ပါ။
ပုံမှာပြထားတဲ့အတိုင်း Network ကို နှိပ်ပြီးတော့ Settings ကို နှိပ်လိုက်ပါ။
ပုံမှာပြထားတဲ့အတိုင်း Manual proxy configuration ကိုရွေးပြီးတော့ HTTP Proxy: မှာ စောစောက ကိုယ်ရွေးထားတဲ့ နံပါတ်တွေကို ထည့်လိုက်ပါ။ ဥပမာ 88.255.147.83 ပေါ့ ။ Port မှာ 8080 ။ ဒါက ကျွန်တော် ဥပမာ ထည့်ပြတာပါ သူငယ်ချင်းတို့က ကိုယ်ရွေးထားတဲ့ Proxy List ကို ထည့်နိုင်ပါတယ်။ Use this proxy server for all protocols ကို အမှတ်ခြှစ်ပေးလိုက်ပါ။ပြီးရင် အောက်ဘက်က OK ကို နှိပ်လိုက်ပါ။ OK ထပ်နှိပ်လိုက်ပါ။ ကိုယ်သုံးထားတဲ့ Proxy List အလုပ်မလုပ်ဘူး ဆိုပါက နောက် တစ်ခု ရွေးပြီး လုပ်နိုင်ပါတယ် ။ အကောင်းဆုံးကတော့ Turkey ဆိုတဲ့နိုင်ငံရဲ့ IP Address က 88.255.147.83 ဖြစ်ပြီး Port ကတော့ 8080 ဖြစ်ပါတယ်။ တကယ်လို့ ဒီ IP ကျော်ထားတာကို မသုံးချင်တော့ဘူး ဆိုပါက No proxya ရွေးပြီးတော့ OK / OK ပြန်လုပ်ပြီး နဂို IP အတိုင်း သုံးနိုင်ပါတယ်။
ကဲ .. TheBux မှာ Register ပြန်လုပ်ကြည့်ပါစို့။
(Google Mobile)
No comments:
Post a Comment