
အော်။ ဇူလိုင် ၁၉ ။ ရောက်လာခဲ့ပြန်ပေါ့။ နှစ်ပေါင်း ဒီလောက်ကြာခဲ့တာတောင် မမေ့နိုင်သေးဘူးလေ။ ကျွန်တော် မှန်ရာကိုဝန်ခံပါ့မယ်။ ကျွန်တော် ငါးတန်းတုန်းက လှပါတယ် ဆိုပြီး လိုက်ကြည့်ခဲ့တဲ့ ကောင်မလေး ရဲ့ မျက်နှာ ကျွန်တော် ပုံဖော်လို့မရတော့ဘူး။ ၈ တန်းနှစ်တုန်းက မင်းနဲ့ တစ်တန်းတည်းလေကွာ ဆိုပြီး နှုတ်ဆက်တဲ့ သူငယ်ချင်းရဲ့ အမည်ကို မမှတ်မိတော့ပါဘူး။ ၁၀ မှာတုန်းက အတန်းခေါင်းဆောင်ဖြစ်ရဲ့သားနဲ့ အတန်းသားတွေကို အခု အကုန် မမှတ်မိတော့ဘူးဆိုရင် ယုံမှာလားမသိ။ အမှန်တွေ ပြောနေခြင်းပါ။ ဒါတွေ . .ဒါတွေ . .အာဇာနည်နေ့ဆိုတာ ။ ငါ .. . . ..လို့ မမေ့တာပါလိမ့်။ ။ ။ ။ ။ ။
ကျွန်တော် ၃ တန်းတုန်းက ဗိုလ်ချူပ်အောင်ဆန်း ဘယ်လိုလူလဲဆိုတာ ကျွန်တော် တကယ် မသိခဲ့ပါဘူး။ အဲဒီတုန်းက ပါတဲ့ ကဗျာလေးရွတ်ကောင်းလို့သာ သိခဲ့ရတာ။ နောက်မှ အသက်ကြီးလာလေလေ သူ့အကြောင်းသိလေလေ ပိုပိုလေးစားလေလေ ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ ကျွန်တော်ပြောမယ့် ဗိုလ်ချူပ်အကြောင်းတွေက အခု တခြားသူများလည်း သိကြမယ်ထင်တယ်။ အဲဒီအထဲမှာ ကျွန်တော် ကြိုက်နှစ်သက်တဲ့ အချက်လေးတွေ ကောက်နှုတ်ပြရရင်တော့ ဗိုလ်ချူပ်ဟာ မလိမ်တက်ဘူး။ အမှန်တရားကို ချစ်မြတ်နိုးသူသာ ဖြစ်တယ်။
ကျွန်တော် ဗိုလ်ချူပ်မဖြစ်ခင် လေးနှစ်သားအရွယ် မောင်ထိန်လင်းလေး အရွယ်က ဖြစ်ပါတယ်။ မိခင်ဒေါ်စုသည် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်ပြီး အရောင်းအ၀ယ်လုပ်ပါသည်။ တနေ့တော့ တောမှ စပါးဝယ်သူများ ရောက်လားပြီး ဈေးကစားပြောကြပါသည်။ "ကိုင်း . .မင်းတို့ ဒါလောက်လိုချင်နေမှ ငါကပဲ လျှော့ပေးလိုက်မယ်။ ဒီစပါးကို ငါဝယ်တုန်းက ခြောက်ဆယ်ဈေးနဲ့ ၀ယ်ထားရတယ်။ မင်းတို့ကို ငါဆယ်ဈေးနဲ့ပေးလိုက်မယ်" လို့ ပြောလေရာ အဲဒီစကားကိုကြားတော့ (ထိန်လင်း)ကလေး က "ဟာ အစ်မကလည်း မဟုတ်တာပြောရော့မယ်။ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့ ၀ယ်လာတာ ကျွန်တော်သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်။ လိမ်ပြောရင်းမကောင်းဘူး "ဆိုပြီး ကလေး အရွယ်မှာ ကတည်းက လိမ်ပြောတာ မကြိုက်တဲ့အရွယ်ပါ။
ကျွန်တော်တို့ဗိုလ်ချူပ် စစ်သေနာပတိချုပ်ဖြစ်တော့ တက္ကသိုလ်နေ၀င်းကို မင်းဟာ ငါ့ရဲ့ ပီအေ ဖြစ်လာတော့မယ်။ နောက်ဖေးပေါက်က တက်လာမယ့် ဆန်၊ ဆီ၊ ဆားတွေကို မလိုချင်နဲ့ဆိုပြီး ကျွန်တော်တို့ ဗိုလ်ချူပ်ရဲ့ ပြတ်သားပုံကို တွေ့ရှိရတယ်။
မင်းလွတ်လပ်ရေးကို ဘယ်လိုယူမှာလဲတဲ့။ မေးတဲ့မေးပုံက ။ ကျွန်တော်တို့ဗိုလ်ချုပ်ကတော့ ကျွန်တော်တို့ကတော့ ရအောင်တောင်းမယ်။ တောင်းလို့မရရင် ဟောဒီလိုယူမယ်ဆိုပြီး မေးတဲ့ အင်္ဂလိပ်ဗိုလ်ရဲ့ အိတ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်တာ။ အင်္ကျီ ပါ ပြဲပါလာတယ်။ အားနာရမယ်၊ ကြောက်ရွံ့ရမယ်ဆိုတာ ကျွန်တော်တို့ ဗိုလ်ချုပ် စိတ်မ၀င်စားနိုင်ဘူး။ နိုင်ငံအတွက်ပဲ စိတ်ဝင်စားခဲ့တယ်။ နိုင်ငံအတွက်ကိုပဲလုပ်ခဲ့တဲ့ ဗိုလ်ချုပ် တကယ်သေသွားပြီးလား။
အဲဒီမေးခွန်းကို ကျွန်တော်ဖြေပါ့မယ်။ ဗိုလ်ချုပ် မသေသေးပါဘူး။ သူဟာ ကျွန်တော်တို့ ရင်ထဲမှာ အမြဲ ရှင်သန် နေဦးမှာပါ။ ဘယ်တော့မှလည်း မသေပါဘူး။
ဗိုလ်ချူပ် ဘယ်လိုနေခဲ့သလဲ။ နိုင်ငံရေးအတွက်ပဲ စိတ်ဝင်စားပြီး နိုင်ငံလွတ်မြောက်ဖို့အတွက်ပဲ စိတ်ဝင်စားခဲ့တဲ့ သူ တစ်ယောက်ပါ။ ဘာအခွင့်အရေး ဘာထိုင်ခုံကို မှ မမက်မောသလို လွတ်လပ်ရေးရပြီးရင် စာရေးဆရာ လုပ်မယ်လို့ အားခဲထားခဲ့တဲ့သူတစ်ယောက်ပါ။ အဲဒီမှာ တက္ကသိုလ်နေ၀င်း ရေးခဲ့တဲ့ စာအုပ်ထဲကလို ရုံးမှာ တပ်စိတ်တစ်စိတ်လောက်ထားခဲ့မယ်ဆိုရင် အဲဒီတပ်စိတ်နဲ့ တိုက်ပွဲဖြစ်ရုံလေးပဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့အချိန်မှာ လွတ်မြောက်နိုင်ပါသေးတယ်။ လူဆိုတာက ဖြစ်ချင်တာကို တောင့်တကြတာပဲလေ။ ဗိုလ်ချူပ်သာရှိနေရင် ဆိုတဲ့ အတွေးလေး ပေါ်လာခဲ့ရင် ကျွန်တော့်မှာ ပြုံးပျော်လို့။
အဖေရေ. .
အခု အခြေအနေလေးကိုလေ မြင်စေချင်တယ်။ အဖေထားသွားခဲ့တဲ့ တပ်မတော် ခေတ်ကာလမှာ ငါ့ ချစ်သူက စစ်သားတော့လို့ ပြောနေရတဲ့အချိန်။ အခု တပ်မတော်ကတော့ တပ်မတော်ကတော့ ရွံကြောက်ကြီးဖြစ်လို့နေခဲ့ပါပြီ။ အဖေရေ။။။။။
စစ်သားဆိုရင် အခုလူတွေက မုန်းလည်းမုန်း။ ရွံလည်း ရွံနေကြပြီ။ နောက်ပြီးလေ။ အဖေရဲ့ ဓါတ်ပုံကို ချိတ်ဆွဲတဲ့သူမှန်သမျှကို နိုင်ငံရေးသမားဆိုပြီး စွပ်စွဲခဲ့ကြသေးတယ်လေ။ ဘယ်လောက်ခံပြင်းစရာကောင်းလိုက်သလဲလေ။
အဖေရဲ့ နိုင်ငံရေးရည်မှန်းချက်
(၁) နယ်ချဲ့သမားများ၏ အုပ်ချုပ်မှုအောက်မှ လုံးဝ လွတ်မြောက်ရေး
(၂) ရှမ်းပြည်နယ်နှင့် အခြားချွင်းချန်ထားသော နယ်များတွင် ပဒေသရာဇ် စနစ် ဖျက်သိမ်းရေး။
(၃) တောင်သူလယ်သားများနှင့် ပစ္စည်းမဲ့တို့၏ ဒီမိုကရေစီ အာဏာရှင်စနစ်။
(၄) လွတ်လပ်စွာ ဟောပြောပိုင်ခွင် စည်းရုံးပိုင်ခွင်၊ ပုံနှိပ်ထုတ်ဝေ ပိုင်ခွင့် စသည်များ။
(၅) လူတိုင်း လက်နက်ကိုင်ဆောင်ခွင့်။
စီးပွားရေး ရည်မှန်ချက်
(6) အလုပ်သမား ပေါ်လစီ။
(က) တနေ့လျှင် အလုပ်ချိန် ၈ နာရီထက် မပိုစေရ။
(ခ) အလုပ်သမားများ၏ အနည်းဆုံးလခကို ဥအဒေဖြင့် သတ်မှတ်ပေးရေး.
(ဂ) ကလေးငယ်များအား အလုပ်ကြမ်း လုပ်ခိုင်းခြင်းကို ဖျက်သိတ်ရေး။
(ဃ) လူမှုဖူလုံရေး
(င) အလုပ်လက်မဲ့ မဖြစ်စေရန်အတွက် နိုင်ငံပိုင် စက်မှုလက်မှု လုပ်ငန်းများ ထည်ထောင်ရေး။.
(စ) စက်မှုလက်မှု လုပ်ငန်းများကို အလုပ်သမားများအုပ်ချုပ်နိုင်ရေး။
(၇) မြေယာပေါ်လစီ
(က) မြေရှင်စနစ် ဖျက်သိမ်းရေး။
(ခ) ဆင်းရဲ့သော တောင်သူလယ်သမားများနှင့် အလတ်တန်းစား တောင်သူလယ်သမားများအား မြေယာ အခမဲ့ ဝေငှပေးရေး။ နောက်ဆုံးတွင် မြေယာအားလုံးကို နိုင်ငံပိုင်သိမ်းပြီး စက်မှုမြေယာ စနစ်သို့ ပြောင်းရေး။
(၈) အလုပ်သမားများနှင့် တောင်သူလယ်သမားများ၏ ကြွေးမြီများကို လျှော်ပစ်ရေး။
(၉) နိုင်ငံခြား ကြွေးမြီအားလုံးလျှော်ပစ်ရေး။
(၁၀) ၀င်ငွေ အနည်းအများပေါ်တွင် အခြေခံသော အမြတ်တော်ခွန်မှ တပါး၊ တိုက်ရိုက်နှင့် သွယ်ဝိုက်ခွန်များအားလုံး ဖျက်သိမ်းရေး။
(၁၁) နယ်ဘက် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို မျှတစွာ ပြင်ဆင်ရေး။
(၁၂) မြေယာအားလုံး သစ်တော၊ ရေကြောင်း၊ မီးရထား၊ သတ္ထုတွင်းများ၊ စက်မှုလုပ်ငန်းများ အကြီးစား ဘဏ်တိုက် စသည်များကို နိုင်ငံပိုင်လုပ်ရေး။
လူမှုရေး ရည်မှန်းချက်
(၁၃) အမျိုးသမီးများ၊ စီးပွားရေး။ လူမှုရေး၊ အချုပ်အချယ်များမှကင်းလွတ်စေရေး၊ လုပ်ငန်းများတွင် အမျိုးသမီးများ တူညီသော အခွင့်အရေး ရရှိစေရေး။
(၁၄) လူတိုင်း အခမဲ့ ပညာသင်ယူနိုင်ရေးများ၊ လူငယ်များ၏ ကိုယ်ကျင့်တရား ၊ ယဉ်ကျေးမှု၊ ပေါင်းသင်းဆက်ဆံရေး၊ အဆင့်အတန်း မြင့်တင်ပေးရေး
(၁၅) နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ယုံကြည့်ကိုးကွယ်နိုင်ခွင့်
(၁၆) လူနည်းစုအားလုံးအတွက် ယဉ်ကျေးမှု လွတ်လပ်ခွင့်
(၁၇) လူမျိုး၊ ဘာသာ၊ လိင် မခွဲခြားပဲ ဥပဒေအရာ တွင် တူညီမှု
အဲဒါတော့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး လုပ်ချင်တဲ့ အရာတွေပါခင်ဗျာ။
မနက်ဖြန် မှ အဲဒီစာအုပ်တွေကို အပ်လုပ် တင်ပေးပါမယ့် ။
နောက်ဆုံးကျွန်တော် ရေးခဲ့ချင်တဲ့ စာ အနေနဲ့ကတော့
ကျွန်တော်တို့ ဗိုလ်ချုပ်ပြောခဲ့တာ စကားပါပဲ။
လူဟာ ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို ချစ်မြတ်နိုးမှုရယ် ဆိုတဲ့ စကားကို့ ဘယ်တော့မမေ့ပါဘူးဟု ကျိန်ဆိုရင်း ကျွန်တော့်ရဲ့ သားစဉ်မြေးဆက် အားလုံးကို လက်ဆင့်ကင့်ပေးပါမယ်လို့ ဂတိပြုရင်း ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်များအား အလေြး့ပုလိုက်ပါသည်။
ps. ကျွန်တော် ပျောက်နေတာ တစ်ပတ်လောက်ရှိပါပြီ။ မိသားစု အခက်အခဲများကြောင့် ပျောက်နေခြင်းပါ။ နောက်နေ့များမှာ ဆက်လက် ရေးသားပါ့မည်။ ကောင်းသည်။ မကောင်းသည်မသိ။ ရင် ထဲမှာတော့ 
No comments:
Post a Comment