''၁၉ ဇူလိုင် မမေ့နိုင်''ဟူသော ဆိုစကား နှင့်အညီ ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့ကို ထူးထူး ခြားခြားကျင်း ပနိုင်ရန်အတွက် မကွေး တိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှိ အာဇာနည်ရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး ရှစ်ဦးတို့၏ ကြေးရုပ် တုများကို တစ်ပြိုင်နက်တည်းစိုက်ထူ ထားပြီး အာဇာနည်နေ့ကိုကြိုဆိုဂုဏ် ပြုရန် အသင့်ဖြစ်နေကြပြီဖြစ်ကြောင်း သိရသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ ကျန်ရှိနေသေးသော ဆွေမျိုးမိတ် သင်္ဂဟအပေါင်းတို့ သိရှိစေရန်၊ အာဇာ နည် ခေါင်းဆောင်ကြီး ကိုးဦးစလုံးကို တစ်နေရာတည်းတွင် ထားရှိနိုင်ရန် အ တွက် ရည်ရွယ်ပြီး ရုပ်တုများ ကြေးသွန်း ထုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ကြေး သွန်းထုပြုလုပ်ရန်အတွက် အချိန်သုံးလ ကြာခဲ့ကြောင်း၊ အာဇာနည်နေ့မတိုင်ခင် ဇူလိုင် ၁၈ ရက်တွင် ကြေးသွန်းပညာ ရှင်များ၊ အလှူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြမည်ဖြစ်ကြောင်း၊
ဓာတ်ပုံ နှင့် ပန်းချီပြပွဲများ ပြုလုပ်သွားမည်ဖြစ် သော်လည်း မှတ်တမ်းသဘောမျိုးသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဇာနည် ကိုးဦး၏ ကြေးရုပ်နှင့် အာဇာနည်ရင်ပြင် ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့် ဆွေက ပြောသည်။
အာဇာနည်ကိုးဦး၏ ကြေးသွန်း ရုပ်တုများထားရှိသည့် အာဇာနည် ရင်ပြင်သည် (၁၁၇x၄၅)ပေ အကျယ်ရှိ ပြီး သွန်းထုထားသည့် အာဇာနည်ကိုးဦး ၏ ကြေးရုပ်များအနက် မတ်တတ်ရပ် အနေအထား သွန်းထုထားသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၏ အမြင့်မှာ ကိုးပေကိုးလက်မရှိကြောင်း၊ မြန်မာမှု ကြေးသွန်းပညာရှင် ဦးမြင့်ဌေးနှင့်သား ကိုတိုင်းလင်း (ချမ်းသာအောင်) ကြေး သွန်းလုပ်ငန်းက တာဝန်ယူသွန်းလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ကြေးသွန်းရုပ်တုများကို သွန်းထု နိုင်ရန်အတွက် တစ်ဦးချင်းအလှူရှင် များရှိသော်လည်း ပြည်သူများ၏ပူးပေါင်းပါဝင်မှုကို လိုလားသည့်အတွက် စုပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ် ကြောင်း၊ ကြေးရုပ်တုနှင့် ရင်ပြင်ဖြစ် မြောက်လာရန်အတွက် ကြိုးပမ်းကြရာ တွင် ကနဦးက အခက်အခဲများရှိခဲ့သော် လည်း နောက်ပိုင်းတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး အတွက် ကုန်ကျစရိတ်မှာ ငွေကျပ်၁၃၅ သိန်းဖြစ်ကြောင်း၊ ကျန်သည့်အာဇာနည် ရုပ်တုများအတွက် ကုန်ကျစရိတ်မှာ တစ်ခုလျှင်ငွေကျပ်သိန်း ၄ဝ ကုန်ကျမှုရှိ ကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် တွင် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦး ၏ ကြေးရုပ်များနှင့် အာဇာနည်ရင်ပြင် ကိုဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း၊ အာဇာနည် နေ့အခါသမယတွင် အလေးပြုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောသည်။
အာဇာနည်ကိုးဦး၏ ကြေးရုပ်နှင့် အာဇာနည်ရင်ပြင်ဖြစ်မြောက်ရေးကော်မတီနှင့် မြို့မိမြို့ဖများက ယခုနှစ် အာဇာနည်နေ့အခမ်းအနားကို ဦးဆောင် ဦးရွက်ပြု ကျင်းပသွားမည်ဖြစ်ကြောင်း၊ အာဇာနည်နေ့တွင် ဥသြဆွဲရန် အတွက် အားလုံးပြင်ဆင်ပြီးဖြစ်သည့် အပြင် ရဲတပ်ဖွဲ့ကလည်း သေနတ် ပစ်ဖောက် ဂုဏ်ပြုပေးမည်ဖြစ်ကြောင်း နှင့် မည်သူမဆို လွတ်လပ်စွာ လာ ရောက်အလေးပြုနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း အာဇာနည်ကိုးဦး၏ကြေးရုပ် နှင့် အာဇာနည်ရင်ပြင်ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

(Google Mobile) ကိုဥာဏ်လင်း
No comments:
Post a Comment