
ပြီးခဲ့သည့် ရက်အနည်းငယ်က Facebook သည် iOS app update ကိုဖြန့်ချိခဲ့ပြီး ၎င်းတွင်သုံးစွဲသူများ ၏ဖုန်းလိုင်းအားနည်းနေစဉ် သို့မဟုတ် အင်တာနက်မမိသည့် အချိန်တွင် post များကိုဖန်တီးထားနိုင်မည့် feature ပါဝင်လာကြောင်းသိရသည်။
Facebook ဗားရှင်း 10.0 တွင်ပြုလုပ်ထားသည့် ပြောင်းလဲမှုများသည် အချို့အရာများတွင် ပြုလုပ်ထားသည့် update များထက်ပို၍ ထူးခြားမှုမရှိကြောင်း တွေ့ရသည်။ Feature အသစ်တစ်ခုအဖြစ် ကြီးမားသောပြောင်းလဲမှုဖြစ်သော သုံးစွဲသူများက offline ဖြစ်နေစဉ်အတွင်း draft post များအဖြစ်ထားရှိကာ network connection ပြန်လည်ရရှိသည့်အချိန်မှ upload ပြုလုပ်နိုင်မည့် feature ပါဝင်လာသည်။ ၎င်း feature ကိုဖုန်းအား Airplane Mode ပြောင်းထားခြင်း သို့မဟုတ် data connection အားနည်းနေသည့် အချိန်တိုတွင်းအသုံးပြုနိုင်ကြောင်း Facebook ကပြောကြားထားသည်။
ထို့အပြင် ၎င်းဗားရှင်း 10.0 တွင်သုံးစွဲသူများအနေဖြင့် အဓိက draft post များကိုတင်ရန်ကြည့်ရှု စစ်ဆေးနိုင်ပြီး၊ စာအုပ်၊ ရုပ်ရှင်နှင့်သီချင်းများကို ဝေမျှထားသည့် status များမှအလိုမရှိသည်များကို "suggested links" မှဖယ်ရှားနိုင်သည်။ အဆိုပါ update သည် device ဟောင်းများဖြင့် အသုံးပြုသည့်အခါတွင်လည်း News Feed loading time ကိုမြန်ဆန်မှုရှိစေရန် လုပ်ဆောင်ထားကြောင်း သိရသည်။
No comments:
Post a Comment