Sunday, July 10, 2016

iOS 9 keyboard မှာ Character Popup တွေကို ဘယ်လိုပိတ်မလဲ


iOS keyboard ကို နှိပ်လိုက်တဲ့အခါမှာ ကိုယ်နှိပ်ထားတဲ့ ခလုတ် ကို pop up အနေနဲ့ ဖော်ပြပေးတာကို တွေ့မြင်ရမှာပါ။ ဒီ feature ဟာ ယခင် iOS version အဟောင်းတွေမှာကတည်းက ပါဝင်လာတာ ဖြစ်ပြီး အဆိုပါ feature ကို အသုံးမပြုလိုသူတွေအတွက် iOS 9 မှာစတင်ပြီး Disable ပြုလုပ်နိုင်ပါတယ်။
အဆိုပါ feature ကို disable ပြုလုပ်ဖို့အတွက် Settings ကို နှိပ်ပါ။

 
Settings ထဲကိုရောက်ရင် General ဆိုတာကို ထပ်နှိပ်ပါ။
 
General ထဲကမှ Keyboard ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
 
Keyboard section အောက်မှာ Character preview ဆိုတဲ့ Slider button လေးကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ ခလုတ်ကို ပိတ်ထားလိုက်ပါ။
 
အထက်ပါ အဆင့်တွေ ပြုလုပ်ပြီးပြီဆိုရင် keyboard မှာ စာရိုက်ကြည့်တဲ့အခါ စာလုံးတွေကို pop up အနေနဲ့ တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

Ref: howtogeek
Credit - Internet Journal
(GoogleMobile)

No comments:

Post a Comment