အချို့သော Android ဖုန်းတော်တော်များများဟာ တစ်ခါတစ်ရံမှာ
အထဲက apk တွေများနေလို့ ဒါမှမဟုတ် စက်ကတစ်စုံတစ်ရာကြောင့်
စက်ဟန်းတာကိုကြုံကြရတက်ပါတယ်။ ဒီလိုအချိန်မှာ စက်ကပူပြီးဘာမှ
နှိပ်မရဖြစ်သွားရင်တော့ အသုံးပြုသူတွေအနေနဲ့ အချို့ကဘာမှမလုပ်တက်တော့ power ပိတ်တဲ့ထိဒီတိုင်းစောင့်နေတက်ပါတယ်။ အဲလိုစောင့်နေတော့ စက်မှာ battery ပိုင်းကိုပါဒုက္ခပေးတက်ပါတယ်။
ဒါဆိုဘယ်လိုလုပ်ရင်အဆင်ပြေပါမလဲ ???
ဒီလိုအခြေအနေမှာ အချို့ကတော့ Battery ကိုဖြုတ်လိုက်ရင်အဆင်ပြေပါတယ်။ ပြီးမှ battery ပြန်တက်ပြီး စက်အေးအောင်ထား ပြန်ဖွင့် … OK ပေါ့။
battery ဖြုတ်မရတဲ့ဖုန်းတွေအတွက်တော့ အခက်အခဲရှိလာပါတယ်။
အဲလိုအခြေအနေမျူးကျရင်တော့ battery ဖြုတ်ဖို့အဆင်မပြေခဲရင်
Volume up + Volume down + Power ကိုတွဲပြီး ကြာကြာလေးနှိပ်ပေး
( Hone key ပါတဲ့ဖုန်းတွေဆိုရင်တော့ Home key ကိုပါတွဲနှိပ် ) ထားပါ။
စက္ကန့်အနည်းငယ်ကြာတာနဲ့ ဖုန်းမှာ Restart ကျသွားပါလိမ့်မယ်။
ပြန်တက်လာရင်တော့ အဆင်ပြေပြေပြန်သုံးနိုင်ပါပြီ။ ဒါပေမဲ့ စက်မှာပူနေတယ်
ဆိုရင်တော့ Power လေးခဏ off ထားလိုက်ပြီး စက်အေးသွားမှ ပြန်ဖွင့်သုံးပါ။
ဖြစ်နိုင်မယ်ဆိုရင်တော့ ဖုန်းကို မကြာခဏ Factory reset ရိုက်ပြီးသုံးနိုင်ရင်
ပိုကောင်းပါတယ်။ ဒါကြောင့် Android ဖုန်းများမှာ စက်ဟန်းခဲ့ရင် ကျတော်ပြော
ခဲ့သလိုလေး ဖြေရှင်းကြည့်နိုင်ရန် ရေးသားအကြံပြုပေးလိုက်ရပါတယ်။
(GoogleMobile)ဖားကန့်

No comments:
Post a Comment