Saturday, July 23, 2016

Xiaomi ရဲ့ MIUI Official Team


Xiaomi ရဲ့ MIUI Official Team မှ ထပ်မံပေးအပ်လိုက်သော Global Developer ROM, MIUI Version: 6.7.21 (MIUI8) တွင် ကျွန်တော်တို့ မြန်မာနိုင်ငံမှ MIUI သုံးစွဲသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ZawgyiX1 ဖြင့် Zaw Gyi Font ကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ..
August 16 မှာ ထွက်လာမယ့် MIUI 8 Stable ROM ပေါ်တွင်တော့ Zawgyi Font ပါဝင်လာဖို့ ကျနော်တို့ မျော်လင့်လို့ ရပြီပဲ ဖြစ်ပါတယ်ခင်ဗျ..
Xiaomi ကို အစဉ်အဆက် အသုံးပြုလာခဲ့တ...ဲ့ မြန်မာပြည်မှာ ရှိတဲ့ Mi Fans များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ..
******************************************************************************
Zaw Gyi Font ပြောင်းလည်းရမည့် အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ..
၁ ။ ။ Settings >> Additional settings ထဲက Locale မှာ Myanmar ( Burma) ထားပေးရပါမယ် ခင်ဗျ။
၂ ။ ။ Themes ကိုဖွင့်ပြီး ဘယ်ဘက် အပေါ်ထောင့်က My Account ထဲက Font ကိုနိုပ်ပြီး ZawgyiX1 ကို အမှန်ခြစ် လေး စိမ်းသွားလျှင်တော့ လက်ရှိအသုံးပြုနေသည့် လူကြီးမင်း၏ Global Official Xiaomi Smart Phone တွင် မြန်မာစာ ZawGyi ကို အဆင်ပြေစွာ အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။။
Via : Mi Myanmar
‪#‎Miui8‬ ‪#‎Zawgyi‬ ‪#‎Font‬ ‪#‎RMMobile‬ ‪#‎Unlock‬

See More

(Google Mobile)ဖားကန့်

Five almost-certain features of the iPhone 7 and iPhone 7 Plus:


iPhone 7 and iPhone 7 Plus:
1. No headphone jack
2. 32GB of base storage — goodbye, 16GB!
3. Camera improvements, including dual cameras on iPhone 7 Plus
4. Improved waterproofing...
5. 3GB of RAM for iPhone 7 Plus
Via : macrumors
‪#‎iPhone7Plus‬ ‪#‎Dual‬ ‪#‎Camera‬

See More

✅ MPT / Telenor / Ooredoo /MECTel တို့အကြောင်း သိမှတ်ဖွယ်ရာများ

-> ဖုန်းပြန်ခေါ်ပေးပါ
*222*လက်ခံမည့်ဖုန်းနံပါတ်#call
-> ဘေလွှဲရန်
*223*ငွေပမာဏ*လပ်ခံမည့်ဖုန်း#call
-> ဘေစစ်ရန်
*124# call (or) *124*1#call
-> အခြားဖုန်းငွေဖြည့်ရန်
*123*PIN.NO*လက်ခံမည့်ဖုန်း#call
-> Internet Package ဝယ်ရန်...
400MB (or) 1GB (or) 5GB ထိရှိတယ်။
400MB ဆို ၁လ 2800 ကျမယ်။
1GB ဆို ၁လ 6500 ကျမယ်။
5 GB ဆို ၁လ 25000 ကျမယ်။
ဝယ်ချင်ရင် 1332 ကို ဝယ်ချင်သလောက် SMS ပို့ပါ
ဥပမာ 1GB ဝယ်ချင်ပါက 1332 ကို 1GB ဟုရိုတ်နှိပ်၍ Sms ပို့ပေးရမှာဖြစ်ပါတယ်။
Telenor
**********
-> ငွေလက်ကျန်စစ်ဆေးရန်
*124#
-> ငွေဖြည့်ချင်ရင်
*123*pin#
-> ဖုန်းဘေကုန်နေတဲ့အချိန် သူများကို ဖုန်းပြန်ခေါ်ခိုင်းမယ်ဆို
*979*3*2*ph.no#
-> တယ်လီနော ကတ်အချင်းချင်း ငွေဖြည့်ပေးမယ်ဆိုရင်
*979*1*3*2*ph.no*pin#
-> Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင်
*979*2*4*ph.no*amount#
-> Facebook ကို 1400 ကျပ်နဲ့  14 ရက် သုံးမယ်။
၁၄၀၀ ကျပ်တည်း နဲ့ ၁၄ ရက်အတွင်း ဖေ့စဘွတ်အဝသုံး၊ ဖေ့စဘွတ် ဗီဒီယို အဝကြည့် ချင်ရင်
500 ကို ‘FB’ ဆိုပြီး ပို့ပါ။
-> အရေးပေါ် ခေါ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့
*979*3*3*1# (ရဲစခန်း)
*979*3*3*2# (ဆေးရုံကား)
*979*3*3*3# (မီးသတ်)
-> ဖုန်းငွေကုန်သွားလို့ တယ်လီနောဆီက ပိုက်ဆံ ၇၀၀ ချေးချင်တယ်ဆို
*500#
-> နောက်ဆုံးပို့ထားတဲ့ SMS ၅ ခုကို ပြန်လိုချင်ရင်
*979*1*4*3#
-> ငွေဖြည့်ထားတဲ့ Top Up ၅ ခုကို ပြန်သိချင်ရင်
*979*1*4*2#
-> နောက်ဆုံးခေါ်ထားတဲ့ ဖုန်း နံပါတ် ၅ ခုကို သိချင်ရင်
*979*1*4*1#
-> အင်တာနက် setting ကိုယ်တိုင်ထည့်မယ်ဆို သို့ APN က 'internet' ဖြစ်ပါတယ်။
နံပါတ် နှိပ်ပြီးမေးမယ်ဆို...
*979*3*1#
-> ငွေလက်ကျန်ကို အင်တာနက် package၊ စူပါဇီးကွက်၊ bonus တွေရဲ့ လက်ကျန်ငွေကိုပါ သိချင်တယ်ဆို
*124*1# သို့ *979*1*1#
-> Miss Called Alert ဆိုတာ ဖုန်းပိတ်ထားတဲ့အချိန် သို့ ဆက်သွယ်မှု ဧရာယာ ပြင်ပရောက်နေချိန်
တစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ခေါ်ခဲ့တယ်ဆို ဖုန်းပြန်ဖွင့်တာ နဲ့ SMS ပို့ပြီးတော့ ပြောပြမှာပါ။
ဝန်ဆောင်မှုက အခမဲ့ပါ။ Miss Called Alert ဖွင့်ဖို့...
*979*2*3*1*2# (သို့) "MCA ON" ဆိုပြီး 222 ကို SMS ပို့ပါ
-> Miss Called Alert ဖြုတ်ဖို့
*979*2*3*2*2# (သို့) "MCA OFF" ဆိုပြီး 222 ကို SMS ပို့ပါ
-> တယ်လီနော ရဲ့ Mobile Money Account ကို သုံးမယ်ဆိုရင်
*900#
-> စူပါပွားကို ဖွင့်မယ်ဆို
*365*1# သို့ SUP ON လို့ 365 ကို SMS ပို့ပါ
-> စူပါပွားကို ဖြုတ်မယ်ဆို
*365*2# သို့ SUP OFF လို့ 365 ကို SMS ပို့ပါ
-> နိုင်ငံခြားရောက်နေလို့ မြန်မာပြည်က တယ်လီနော နံပါတ်နဲ့ နဲ့ ဟိုနိုင်ငံမှာ ဈေးပေါပေါ ဆက်ပြီး အသုံးပြုဖို့ My Roaming Day Pack
*979*2*1*1#
-> တယ်လီနော်က မိနစ် ၁၀၀ ကိုဝယ်မယ်ဆို
*801# (or) *979*2*1*2#
-> ၈၀၀ ကျပ်တန် စူပါဇီကွက် တစ်ပတ်စာ ဝယ်ဖို့အတွက်
*803# (or) *979*2*1*4#
->၂၅၀၀ ကျပ်တန် စူပါဇီကွက် တစ်လစာ ဝယ်ဖို့အတွက်
*802# (or) *979*2*1*3#.
-> Phone Ring Tunes
ဖုန်းခေါ်ဆိုတဲ့အချိန် သီချင်းသံလေးတွေ သူများကို ပေးထားထောင်စေဖို့ အတွက်ဖြစ်ပါတယ်။ ၃၀၀ ကျပ်တော့ ပေးရပါတယ်။
Phone Ring Tunes ဖွင့်ဖို့။
*979*2*3*1*1#
-> Phone Ring Tunes ဖြုတ်ဖို့အတွက်
*979*2*3*2*1#
-> Internet Package ဝယ်မယ်ဆိုရင်
*979*2*2# (or) *400# (ပင်မစာမျက်နှာ)
*979*2*2*4# (or) *400*4# (My Internet weekly 110Mb: 500kyats)
*979*2*2*5# (or) *400*5# (My Internet monthly 500Mb: 1900kyats)
*979*2*2*1# (or) *400*1# (Smart Internet monthly 500Mb: 2700kyats)
*979*2*2*2# (or) *400*2# (Smart Internet monthly 1.25Gb: 6600kyats)
*979*2*2*3# (or) *400*3# (Smart Internet monthly 2.4Gb: 11900kyats)
-> တယ်လီနောရဲ့ ဘော်ဒါ Pack ကိုယူပြီး မိနစ် ၁၀၀ အတွက်
တစ်မိနစ် ၁၅ ကျပ် နဲ့ စကားပြောမယ် ဆိုရင်
*801# call သို့ 500 ကို ‘T1500’ ဆိုပြီး SMS ပို့ပါ
Ooredoo
***********
-> မိမိဖုန်းကို ငွေဖြည့် (Topup) လုပ်လို ပါက
*123* <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ်> # ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> အခြား Ooredoo ဖုန်း နံပါတ်သို့ ငွေဖြည့်ပေး လိုပါက
*123*< မိမိငွေဖြည့် သွင်းပေး လိုသော ဖုန်းနံပါတ် > * <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ် ># ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ဖုန်း ငွေလက်ကျန် စစ်ဆေး လိုပါက
*124# ကို နှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ၀န်ဆောင်မှု များကို စီမံရန်
*133# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> မိမိ၏ ဖုန်းနံပါတ်ကို စစ်ဆေးရန်
*133*5# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ဖုန်း ငွေလွှဲပြောင်း ပေးလို ပါက
*155*< လွှဲပြောင်း လိုသော ပမာဏ > *< လက်ခံမည့် သူ၏ ဖုန်းနံပါတ် ># ကိုနှိပ်ပြီး
Call ခလုတ်ကိုနှိပ်ပါ။
-> အခြားသူအား မိမိဖုန်းကို ငွေဖြည့်ပေး စေလိုပါက
Top Me Up Function ကို အသုံးပြုနိုင် ပါသည်။
*126*< ဖုန်း ငွေဖြည့် ပေး မည့် သူ၏ ဖုန်းနံပါတ် >*< ဖုန်း ငွေဖြည့် လိုသော ပမာဏ ># ကိုနှိပ်ပြီး
Call ခလုတ်ကိုနှိပ်ပါ။
-> ဖုန်း ပြန်ခေါ်စေ လိုပါက
Call Me Back Function ကို အသုံးပြုနိုင် ပါသည်။
*122*< ပြန်ခေါ်စေ လိုသော ဖုန်းနံပါတ် ># ကိုနှိပ် ပြီး Call ခလုတ်ကို နှိပ်ပါ။
MECTel
**********
MECTel CDMA ဖုန်းအချင်းချင်း ငွေလွှဲပေးပို့ နိုင်မည့် အစီအစဉ်သစ်။
*110*Amount*Phone Number#
MEC balance check *#123#
‪#‎MPT‬ ‪#‎Telenor‬ ‪#‎ooredoo‬ ‪#‎MECTel‬

Google Mobile Unlock Services





Mobile Phone များကို Official Network Unlock လုပ်ပေးခြင်း၊ iPhone, iPad, iPod များကို iCloud Lock ဖြည်ပေးခြင်း၊ Android နှင့် iOS Devices များကို Firmware မြှင့်ပေးခြင်း၊ Jailbreak လုပ်ပေးခြင်း၊ Root ဖောက်ပေးခြင်း၊ Myanmar Font သွင်းပေးခြင်း၊ Applications နှင့် Games များကို ဈေးနှုန်းချို သာစွာဖြင့်သွင်းပေးပါသည်။
Google Mobile မှ Official Network Unlock လုပ်သည့်ဖုန်း များကိုတစ်သက်သာ အာမခံ (Life time warrenty) ပေးပါသည်။
◇အသေးစိတ်သိရှိလိုပါကဆက်သွယ်မေးမြန်းစုံစမ်းနိင်ပါသည်။
ဖုန်း ...- 074-70232,0947002079
‪#‎Apple‬ ‪#‎Samsung‬ ‪#‎Sony‬ ‪#‎LG‬ ‪#‎Huawei‬ ‪#‎Xiaomi‬ ‪#‎Meizu‬ ‪#‎Nokia‬ ‪#‎Asus‬ ‪#‎Acer‬ ‪#‎Alcatel‬ ‪#‎Coolpad‬ ‪#‎HTC‬ ‪#‎Google‬ ‪#‎Lenovo‬ ‪#‎MicroMax‬
‪#‎AT‬&T ‪#‎TMobile‬ ‪#‎Sprint‬ ‪#‎Verizon‬ ‪#‎WorldWideUnlock‬ ‪#‎iCloud‬
‪#‎MXTP‬ ‪#‎FRP‬ ‪#‎iPhone_Disabled‬ ‪#‎iPad_Disabled‬
‪#‎Network‬ ‪#‎Unlock‬ #iCloud ‪#‎IMEI‬ #Repair #MyanmarFont #Jailbreak #Root #Applications #Games # Google Mobile#NetGuide

(Google Mobile)ဖားကန့်

Thursday, July 21, 2016

Android ဖုန်းများမှာ စက်ဟန်းခဲ့မယ်ဆိုရင်

Android ဖုန်းတော်တော်များများ ဖြစ်တက်တဲ့ error ပါ။
အချို့သော Android ဖုန်းတော်တော်များများဟာ တစ်ခါတစ်ရံမှာ
အထဲက apk တွေများနေလို့ ဒါမှမဟုတ် စက်ကတစ်စုံတစ်ရာကြောင့်
စက်ဟန်းတာကိုကြုံကြရတက်ပါတယ်။ ဒီလိုအချိန်မှာ စက်ကပူပြီးဘာမှ
နှိပ်မရဖြစ်သွားရင်တော့ အသုံးပြုသူတွေအနေနဲ့ အချို့ကဘာမှမလုပ်တက်တော့ power ပိတ်တဲ့ထိဒီတိုင်းစောင့်နေတက်ပါတယ်။ အဲလိုစောင့်နေတော့ စက်မှာ battery ပိုင်းကိုပါဒုက္ခပေးတက်ပါတယ်။

ဒါဆိုဘယ်လိုလုပ်ရင်အဆင်ပြေပါမလဲ ???
ဒီလိုအခြေအနေမှာ အချို့ကတော့ Battery ကိုဖြုတ်လိုက်ရင်အဆင်ပြေပါတယ်။ ပြီးမှ battery ပြန်တက်ပြီး စက်အေးအောင်ထား ပြန်ဖွင့် … OK ပေါ့။
battery ဖြုတ်မရတဲ့ဖုန်းတွေအတွက်တော့ အခက်အခဲရှိလာပါတယ်။
အဲလိုအခြေအနေမျူးကျရင်တော့ battery ဖြုတ်ဖို့အဆင်မပြေခဲရင်
Volume up + Volume down + Power ကိုတွဲပြီး ကြာကြာလေးနှိပ်ပေး
( Hone key ပါတဲ့ဖုန်းတွေဆိုရင်တော့ Home key ကိုပါတွဲနှိပ် ) ထားပါ။
စက္ကန့်အနည်းငယ်ကြာတာနဲ့ ဖုန်းမှာ Restart ကျသွားပါလိမ့်မယ်။
ပြန်တက်လာရင်တော့ အဆင်ပြေပြေပြန်သုံးနိုင်ပါပြီ။ ဒါပေမဲ့ စက်မှာပူနေတယ်
ဆိုရင်တော့ Power လေးခဏ off ထားလိုက်ပြီး စက်အေးသွားမှ ပြန်ဖွင့်သုံးပါ။
ဖြစ်နိုင်မယ်ဆိုရင်တော့ ဖုန်းကို မကြာခဏ Factory reset ရိုက်ပြီးသုံးနိုင်ရင်
ပိုကောင်းပါတယ်။ ဒါကြောင့် Android ဖုန်းများမှာ စက်ဟန်းခဲ့ရင် ကျတော်ပြော
ခဲ့သလိုလေး ဖြေရှင်းကြည့်နိုင်ရန် ရေးသားအကြံပြုပေးလိုက်ရပါတယ်။


                 (GoogleMobile)ဖားကန့်

Samsung , Sony , Huawei ဖုန်းသုံးမျိုးမှာ ရွေးချယ်သင့်တဲ့အချက်အချို့






ဖုန်းအသုံးပြုသူတွေအနေနဲ့ စတင်ဝယ်ယူသုံးစွဲတော့မယ်ဆိုရင်
ဘယ် brand တွေကိုသုံးသင့်လဲဆိုတာ အနည်းနဲ့အများတော့
ရွေးချယ်တက်ကြပါတယ်။ီးလိုရွေးချယ်အသုံးပြုကြတဲ့ အထဲကမှ
Samsung , Sony , Huawei brand သုံးမျိုးရဲ့ ရွေးချယ်ရန်သင့်တော်တဲ့
အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

Samsung –
Samsung ကိုရွေးချယ်ရန် စိတ်ကူးရှိရင်တော့ Feature တွေကိုသုံးရတာနျှစ်
သက်မှု့ရှိတယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ Samsung ဟာအခြား
brand တွေထက် Feature ပိုင်းမှာဆိုရင် သုံးလို့ကောင်းတယ်လို့ပြောရပါမယ်။ သူဟာအမျိုးမျိုးသော Feature တွေကို model အသစ်ထွက်တိုင်း
တိုးမြှင့်ထည့်သွင်းလာပါတယ်။ series အလိုက်လဲ မတူတဲ့ Feature တွေကို
ခံစားနိုင်အောင်လည်း ဖန်တီးပေးထားတာကြောင့် Feature ပိုင်းတွေကို
အသုံးပြုရန် စိတ်ဝင်စားတယ်ဆိုရင်တော့ Samsung ဟာ သင့်တော်ပါတယ်။
Sony –
Sony ကတော့အားလုံးသိတဲ့အတိုင်း Media ပိုင်းကိုဦးစားပေး ထုတ်လုပ်
ထားတာကိုတွေ့ရမှာပါ။ Sony ဟာအခြား brand တွေနဲ့မတူတဲ့
အသံပိုင်းဆိုင်ရာ ကင်မရာပိုင်းဆိုင်ရာ Media ပိုင်းတွေကို အရည်အသွေးမြင့်
စွာထုတ်လုပ်ထားတာတွေ့ရပါတယ်။ သူတို့ရဲ့ camera MP ဟာဆိုရင်
အခြား brand တွေနဲ့မတူ မြင့်မားစွာတပ်ဆင်ထားပါတယ်။ photo , video
တွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Music media ပိုင်းပါပဲ။ Music ပိုင်းမှာဆိုရင်တော့ နားထောင်ရတဲ့
အပိုင်းမှာ တော်တော်လေးကောင်းမွန်တာတွေ့ရတဲ့အတွက်ကြောင့် Media
ပိုင်းတွေကိုကောင်းကောင်း အသုံးပြုချင်တယ်ဆိုရင်တော့ Sony ဟာသင့်တော်ပါတယ်။
Huawei –
Huawei မှာ အသုံးပြုရန်သင့်တော်တဲ့အချက်ကတော့ ဈေးနှုန်းပိုင်းလို့ပြောရပါမယ်။ Huawei ဟာ model အမျိုးမျိုးထုတ်လုပ်နေပေမဲ့ သူဟာ လူတန်းစားအလိုက် ရွေးချယ်နိုင်တဲ့ အမျိုးမျိုးသောသင့်တော်တဲ့ ဈေးနှုန်းလေးတွေနဲ့
ရောင်းချပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် Huawei ဖုန်းများဟာ လိုအပ်တဲ့
spare part ပစ္စည်းများဆိုရင်လဲ ဈေးကွက်ထဲမှာ အဆင်ပြေပြေ၀ယ်ယူရန်
အဆင်သင့်ရှိတဲ့အတွက်ကြောင့် တစ်ခုခုပျက်စီးခဲ့မယ်ဆိုရင်လဲ ပြင်ဆင်ချိန်ကို
သက်သာစေပါတယ်။ ဒါကြောင့် Huawei ဟာ ဈေးနှုန်းပိုင်းနဲ့ပတ်သတ်ပြီး
စဉ်းစားမယ်ဆိုရင်တော့ Huawei brand ဟာ သင့်တော့ပါတယ်။


                    (GoogleMobile)ဖားကန့်

iPhone 6S မှာတဲ့ 3D Touch အသုံးပြုနည်း



















iPhone 6S မှာ 3D Touch ပါဝင်လာပြီး တစ်ခြား iPhone တွေမှာမပါဝင်တဲ့ အသုံးပြုပုံတွေပါဝင်လာပါတယ်။ ဒါပေမဲ့ လူသိနည်းနေတာကြောင့်ဖော်ပြပေးလိုက်ပါတယ်။
Home Screen
Home Screen မှာ app တွေကို 3D Touch နဲ့အသုံးပြုပြီး လိုအပ်တဲ့ feature ကိုပဲဖွင့်နိုင်ပါတယ်။
Safari
Safari မှာ 3D Touch ကို Preview tab လုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်။ Safari tab တွေကိုဖွင့်လိုက်ပြီး tab တစ်ခုကို 3D Touch နှိပ်လိုက်ရင် မဝင်သွားပဲ preview အနေနဲ့ ပြပေးမှာဖြစ်ပြီး လွှတ်လိုက်တာနဲ့ tab တွေအကုန်ပြတဲ့နေရာပြန်ရောက်သွားမှာပါ။
Message
Message တွေဖတ်မယ်ဆိုရင်လဲ 3D Touch နဲ့နှိပ်ပြီး preview ဖတ်နိုင်မှာဖြစ်ပါတယ်။ unread notification ဖြစ်တဲ့ အပြာရောင်အဝိုင်းလေးလဲပျောက်မှာမဟုတ်ပါဘူး။ preview နေတဲ့အချိန်မှာ အပေါ်ကိုဆွဲတင်လိုက်မယ်ဆိုရင်တော့ reply ပြန်တာမျိုး mark as read လုပ်တာမျိုးတွေ လုပ်နိုင်မှာဖြစ်ပါတယ်
Contact Picture
ကိုယ့် Contact တစ်ယောက်ကိုတစ်ခြား app တွေမှာတွေ့ရင် သူတို့ရဲ့ contact photo ကိုနှိပ်လိုက်တာနဲ့ infomation တွေအကုန်ကျလာမှာဖြစ်ပြီး ဖုန်းခေါ်တာမျိုး mail ပို့တာမျိုးလျှင်လျှင်မြန်မြန်လုပ်နိုင်မှာဖြစ်ပါတယ်။
Text Selection
Text Selection လုပ်ရတာပိုမြန်လာပါတယ်။ ကိုယ် select လုပ်ချင်တာစာကို ထိလိုက်ရင် ပုံမှန် select ဖြစ်သွားပါတယ်။ အဲ့ဒါကိုမလွှတ်ပဲ 3D Touch နဲ့ဆက်ဆွဲမယ်ဆိုရင်တော့ စာတွေကို select လုပ်ပေးမှာဖြစ်ပါတယ်။
Multitasking
App Switcher ကိုဖွင့်ဖို့ Home Button ကိုနှစ်ချက်နှိပ်စရာမလိုတော့ပါဘူး။ 3D Touch နဲ့ ဘယ်ဘက် screen အစွန်းကနေဆွဲလိုက်ရင် app တစ်ခုနဲ့တစ်ခုကူးသွားတာမျိုး app switcher ကိုဖွင့်တာမျိုးလုပ်နိုင်ပါတယ်။

Mobile Network အကြောင်း တစေ့ တစောင်း (GoogleMobile)








ကျွန်တော် အလုပ်တွေ ရှုပ်နေတာနဲ့ TRA Site လေးကို Post မတင်ဖြစ်တာပါ နောက်ဆိုရင်တော့ အမြဲတမ်း ဂရုစိုက်ပြီး ရေးတင်ပေးပါတော့မယ်ဗျာ။ နည်းပညာလေ့လာနေတဲ့ လူငယ်တွေ ၊ ကျွန်တော့် site ကလေး ကို အမြဲတမ်း အားပေးနေကြတဲ့ မိတ်ဆွေတွေ အားလုံးကို တောင်းပန်ပါတယ်။ ပြီး မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile Network တွေအကြောင်းကို မသိ့သေးတဲ့ လူငယ်တွေအတွက် အနည်းအကျဉ်းလေ့လာမိသလောက် မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး ပြောချင်တာကတော့ Mobile Network လို့ခေါ်တယ်ဆိုမှတော့ Mobile Phone စနစ်ကို အခြေခံပြီး တည်ဆောက်ထားလို့ပေါ့နော်။ :P ကျွန်တော် လေ့လာမိသလောက်တော့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile စနစ်က လောလောဆယ် (၆) မျိုး ရှိနေပါတယ်။

(၁) Cellular
(၂) ခြင်းဖုန်းလို့ လူသိ့များတဲ့ CDMA
(၃) GSM
(၄) WCDMA
(၅) CDMA 450 MHz (ကမ်းရိုးတန်းဖုန်း)
(၆) CDMA 800 MHz  ဆိုပြီး ရှိပါတယ်။

အဲဒီထဲကမှ ဒီနေ့ နာမည်အကြီးဆုံးနဲ့ Standard အရှိဆုံးကတော့ GSM Network စနစ်ပေါ့နော်။ 1980 လောက်က ဥရောပနိုင်ငံတွေမှာ Analog Cellular System ဆိုပြီးတော့ Local အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ Local ဆိုတာက ပြင်ပနိုင်ငံတွေရဲ့ ကွန်ယက်တွေအတွင်းကို ၀င်ရောက် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ ဥပမာ - အင်္ဂလန် ဆို အင်္ဂလန် နိုင်ငံအတွင်းမှာပဲ ပြောလို့ ရပါတယ်။ တခြား အမေရိကား တို့ ပြင်သစ်တို့ရဲ့ Network တွေထဲကို ၀င်ရောက်ပြောဆိုလို့ မရသေးပါဘူး။ အဲဒီလိုနဲ့ 1982 ခုနှစ်လောက်မှာ ဥရောပနိုင်ငံကြီးတွေ စုစည်းပြီးတော့ Mobile Network အတွက် စံသက်မှတ်ချက် တစ်ခုထားနိုင်ဖို့ တိုင်ပင်ကြပါတယ်။ အဲဒီနောက် Group Special Mobile လို့ခေါ်တဲ့ GSM ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။

1987 ခုနှစ်လောက်မှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ဖို့ရန် တူညီတဲ့ Network တစ်ခုအတွက် နိုင်ငံပေါင်း ၁၃ နိုင်ငံ ပေါင်းပြီး Cellular Phone Network ဆိုတဲ့ ကွန်ယက် တစ်ခုကို သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီနေ့ သုံးနေကြတဲ့ နာမည်အကြီးဆုံး အအောင်မြင်ဆုံး Standard အရှိဆုံး GSM Network ကို အဲဒီလိုနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဥရောပ နိုင်ငံ တော်တော်များများမှာ နေရာ ကန့်သက်ချက် မရှိပဲ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကန့်သတ်ချက်မရှိတော့ပဲ လွတ်လပ်စွာ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကြိုးစားဆဲပေါ့နော် :P ။ 

အဲဒီနောက်ပိုင်း GSM ရဲ့ မူလ အခေါ်အဝေါ် Group Special Mobile ကို ပိုမို ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် သက်ရောက်စေရန်အတွက် Global System for Mobile Telecommunications ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။ 

GSM Network မှာ အသုံးပြုထားတဲ့ Frequency Rate အနေနဲ့ကတော့ 850MHz ၊ 900 MHz ၊ 1800 MHz ၊ 1900 MHz ဆိုပြီး ရှိပါတယ်။ လူဦးရေ သိပ်သည်း ထူထပ်တဲ့ မြို့ပြနိုင်ငံကြီးတွေမှာ ဆိုရင်တော့ Frequency အနိမ့်ပိုင်းတွေကို အသုံးပြုကြပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို အခု လက်ရှိ 900 MHz ကို အသုံးပြုထားပါတယ်။

တောင်အမေရိကတိုက် ၊ မြောက်အမေရိကတိုက် နဲ့ အာရပ်နိုင်ငံတို့လို ကွင်းပြင် ၊တောင်တန်း ၊ သစ်တောတွေ ထူထပ်ပေါများတဲ့ နိုင်ငံမျိုးတွေ ၊ လူနေကျဲပါးဝေးလံတဲ့ ဒေသမျိုးတွေ ဆိုရင်တော့ လိုင်းအားပြင်းတဲ့ 1800 MHz ၊ 1900 MHz တို့ကို အသုံးပြုပါတယ်။ ဒီလို Frequency အမြင့်ပိုင်းတွေကို လူဦးရေ သိပ်သည်းထူထပ်တဲ့ နိုင်ငံတွေမှာတော့ တခြားသော Radio Network ကို ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့ အတွက် အသုံးမပြုကြပါဘူး။

ကျွန်တော်တို့ နိုင်ငံရဲ့ GSM Network ကလဲ Network Frequency Rate တူညီတဲ့ တခြားနိုင်ငံတော်တော် များများကို သယ်ဆောင်အသုံးပြုနိုင်တော့မှာပါ။ ရတဲ့ ဖုန်းတွေ ရနေပြီ မရတဲ့ ဖုန်းတွေ မရသေးဘူးပေါ့နော် :P ။ Site ကလေး Burn ခံထိမှာစိုးလို့ မရေးတော့ဘူး :) ။

အခုလက်ရှိ GSM Network ပေါ်မှာ အင်တာနက် စနစ်ကိုပါ တွဲအသုံးပြုချင်တယ် ဆိုရင်တော့ EDGE (Enhanced Data Rate for GSM Evolution) ဆိုတဲ့ စနစ်ကို MPT မှာ လျှောက်ထားပြီး အသုံးပြုလို့ ရနေပါပြီ။

WCDMA

WCDMA ဆိုတာက GSM ရဲ့ အဆင့်မြင့် system တစ်ခုပါ။ သူ့ရဲ့ Frequency Rate ဟာလဲ 900 MHz နဲ့ အလုပ်လုပ်ဆောင်ပါတယ်။ လူတွေ ပြောပြောနေတဲ့ 3G (Third Generation) ပေါ့နော်။ ကိုရီးယားမှာတော့ 4G အထိ အပြည့်အ၀လုပ်ဆောင်နိုင်ပြီး TV Channel တွေပါ Mobile Phone ပေါ်မှာ ကြည့်နိုင်နေပါပြီ။ တကယ်တမ်း ဆိုရင်တော့ 3G စနစ် အမှန်အကန် တစ်ခုက Video Configuration စနစ်ကို ကောင်းကောင်းကြီး support လုပ်ပေးနိုင်ပါတယ်။ အင်တာနက် ချိတ်ဆက်အသုံးပြုမယ်ဆိုရင်လဲ 1000 MHz နီးပါးနဲ့ သာသာယာသာ အသုံးပြုနိုင်ပါတယ်။ လက်ရှိ ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ 3G 3G လို့တော့ အော်နေကြတာပဲ။ ကျွန်တော်လဲ သိ့ဘူး ။ ဟိုတစ်လောက်က သက်ဆိုင်ရာက သူငယ်ချင်း တစ်ယောက်ပြောတော့လဲ 4G ပြီးသွားပြီတဲ့ ။ အဲဒါလဲ ကျွန်တော်တော့ သိ့ဘူး ။ ကျွန်တော်သိ့တာတော့ WCDMA ရဲ့ ထောက်ပံ့ပေးထားတဲ့ အစစ်အမှန်မှာ 3gpp (Third Generation Partnership Project) လို့ ခေါ်ပါတယ်။ တချို့ကတော့ ပြောကြတာတော့ မြန်မာနိုင်ငံမှာ 3G မရသေးဘူး။ 2.5 G ၊ 2.6 G အဆင့်လောက်ပဲ ရှိတယ် ဆိုလားပဲ။ WCDMA နဲ့ ပတ်သက်လို့ကတော့ ဒီလောက်ပါပဲနော်။ 

CDMA

CDMA လို့ ခေါ်ကြတဲ့ Code Division Multiple Access ဆိုတာဟာ 2000 ခုနှစ်လောက်ကမှ ခေတ်စားလာတဲ့ နည်းပညာ တစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံမှာဆို CDMA 450 MHz နဲ့ CDMA 800 MHz ဆိုပြီး လူသိ့များပါတယ်။ အသုံးပြုတဲ့ နိုင်ငံတွေဆိုတာကတော့ တော်တော်ကို နည်းပါးနေပါပြီဗျာ ။ ကျွန်တော်တို့ နိုင်ငံမှာတော့ လက်ရှိ အသုံးပြုနေဆဲပါပဲ။ CDMA 800 MHz လိုင်းတွေဟာဆိုရင်တော့ လိုင်းမှာ အမြဲကြည်လင်နေပြီးတော့ ဖုန်းလိုင်း ပြတ်တောက်တယ်ဆိုတာ အတော်ဖြစ်ခဲပါတယ်။ သူက Frequency 800 MHz နဲ့ 900 MHz အတွင်းမှာ သုံးစွဲနေပါတယ်။ CDMA ဖုန်းတွေဟာ ပြင်းထန်တဲ့ လိုင်းဆွဲအားကို အမြဲရှာဖွေ အသုံးပြုနေတာ ဖြစ်တဲ့ အတွက် ဖုန်း Battery သက်တမ်းကလဲ အကုန်မြန်တာကို တွေ့ရပါတယ်။ CDMA ဖုန်းတွေမှာ ဆိုရင် 450 MHz ကတော့ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ uplink 455 နဲ့ downlink 465 MHz ၀န်းကျင်မှာသာ အသုံးပြုနေ တာ ဖြစ်တဲ့အတွက် Data သယ်ပို့နိုင်စွမ်း မရှိပါဘူး။ CDMA 800 MHz ဖုန်းတွေကို အင်တာနက် အသုံးပြုလိုတယ်ဆိုရင်တော့ EVDO (Evolution Data Optimized ) စနစ်ကို လျှောက်ထားပြီး အသုံးပြုနိုင်ပါတယ်။

လေ့လာခဲ့မိသလောက်ကို တခြား မသိ့သေးတဲ့ မိတ်ဆွေတွေအတွက် Mobile Network အကြောင်း တစေ့တစောင်း ဆိုပြီး အတိုချုံး ပြန်လည် မျှဝေပေးလိုက်တာပါ။ တကယ်တမ်း ရေးမယ်ဆိုရင်တော့ အများကြီး ရေးလို့ ရပါတယ်။ ဒါပေမဲ့ တချို့ ကိစ္စတွေမှာ ကိုယ်နဲ့ မရင်းနှီးတဲ့ အရာတစ်ခုကို စလေ့လာရမယ်ဆိုရင် အရမ်းပျင်းပြီး စိတ်ပျက်သွားတက်ပါတယ်။

CDMA ဆိုတာဘာလဲ











 CDMA(Code Deivision Multiple Access) နည်းပညာကို ၁၉၉၃ တွင် စတင်သတ်မှတ်ခဲ့ပါတယ်။ CDMA နည်းပညာကို Qualcomm မှစတင်၍ Ericsson ကဆက်လက်ပြီး နည်းပညာဆိုင်ရာ ပြုပြင်မှု အချို့ကိုပြုလုပ်ပါတယ်။ Code Division Multiple Access ကိုအသုံးပြုထား၍ Privacy ပိုကောင်းပြီး GPS စနစ်များမှာပါအသုံးပြုခဲ့ပါတယ်။ 2G Network အတွက် CDMA One ခေါ် IS-95A ကို ဟောင်ကောင်တွင် စတင်အသုံးပြုခဲ့သည်။1999 ခုနှစ်တွင် CDMA IS-95B ကို ကိုရီးယားနိုင်ငံမှာစတင်အသုံးပြုခဲ့ပါတယ်။ ကိုရီးယားနိုင်ငံမှာ တွင်ကျယ်စွာသုံးစွဲလာပြီးနောက်မှာ ဂျပန်နှင့် ပီရူးနိုင်ငံများမှာလည်းဆက်လက်သုံးစွဲလာကြပါတယ်။ CDMA လိုင်းဆွဲအားသည်သာမန် Analog Cellular ဖုန်း ကွန်ယက်ထက် ၈ ဆမှ ၁၀ ဆထိ ပိုကောင်းလာပြီး GSM System ထက်ဆိုရင် ၄ ဆမှ ၅ ဆ ထိပိုမိုကောင်းမွန်ကြောင်း သိရှိရပါတယ်။ CDMA 2G Network ကို အသုံးပြုစဉ်မှာပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေဟာ ၆ နှစ်အတွင်းမှာ လူဦးရေသန်း ၁၀၀ အထိ ကျယ်ပြန့်စွာ အသုံးပြုလာကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။ ဆက်လက်၍ ၂၀၀၀ ခုနှစ် အောက်တိုဘာလမှစပြီး 3G ဆက်သွယ်ရေးကွန်ယက်အတွက် CDMA 2000 1X (3G) Standard ကို စအသုံးပြုလာပါတယ်။ 3G Network မှာဆိုရင် ဆက်သွယ်မှုဆိုင်ရာ အသံသာမက သတင်းအချက်အလက် Data များကိုပါပေးပို့နိုင်သော EV-DO (Evolution Data Only) နှင့် EV-DV (Evolution Data/Voice) စသော နည်းပညာများ ပါဝင်လာပါတယ်။ CDMA 2000 1X (3G) Standard တွင် 450 MHz, 800 MHz, 1800 MHz, 1900 MHz နှင့် 2100 MHz Frequency များကိုအသုံးပြုပြီး ကွန်ယက်အသုံးပြုသူအရေအတွက် ပိုမိုများပြားတယ်။ ယခုအခါတွင် CDMA ကို၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အသုံးပြုသူ ၅၀၂ သန်းရှိပြီး CDMA 3G Network အသုံးပြုသူ တစ်မျိုးထဲမှာပင် ၄၉၈ သန်းအထိရှိကြောင်း သိရှိရပါတယ်။


CDMA ၏ အဓိက အားသာချက်

CDMA ၏အားသာချက်တွေဟာဆိုရင် GSM ထက် လိုင်းဆွဲအားပိုမိုကောင်းမွန်ပြီး Analog System များမှာကဲ့သို့ FM Radio နှင့် ကြားဖြတ်နားထောင်နိုင်ခြင်းမရှိဘဲ Privacy ပိုကောင်းပါတယ်။ CDMA ထုတ်လွတ်တဲ့ Frequency က အခြား Mobile ထုတ်လွတ်တဲ့ Frequency ထက်ပိုမို ထုတ်လွတ်နိုင်တဲ့အတွက် ဖမ်းယူရရှိတဲ့အခါ အသံကြည်လင်ပြီး လိုင်းဆွဲအားလည်းကောင်းမွန်ပါတယ်။ CDMA 800 MHz ဟာဆိုရင် Station ကနေ ၄၈ ကီလိုမီတာထိ ဖမ်းယူရရှိနိုင်ပါတယ်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ တတိယဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆက်သွယ်ရေးကွန်ယက်တိုးချဲ့မှုတွင် CDMA ကို အဓိကအသုံးပြုကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၉၅ နှစ်ကုန်မှာ CDMA 800 MHz ကို Qualcomm အထိုင်ဖုန်းများနဲ့ စတင်အသုံးပြုခဲ့ပါတယ်။ CDMA ဖုန်းနံပါတ် ရ၀၊ ရ၁၊ ရ၂၊ ၈၀ တို့နဲ့အစပြုတဲ့ ဖုန်းအများစုဖြစ်ပြီး RUIM Card အစားဖုန်းအတွင်း ESN Code ထည့်သွင်း၍ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ CDMA 450 MHz စနစ်ကို ၂၀၀၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများမှာ စတင်အသုံးပြုခဲ့ပါတယ်။ ယခုအခါတွင် ကုန်းတွင်း ပိုင်းဒေသတွေကိုပါ ကွန်ယက်ဆက်လက်တိုးချဲ့ပြီး သုံးစွဲသူများမှ အထိုင်ဖုန်းနှင့် Handsets ၂ မျိုးစလုံးဖြင့် ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။


Application ပိုင်းဆိုင်ရာ

CDMA Handset နဲ့ အထိုင်ဖုန်းတွေမှာ GSM Phone တွေလောက် Function အထွေအထူးမပါဝင်ဘဲ ကွန်ယက်ကိုသာ အဓိကထား၍ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ GSM Smart Phone များကဲ့သို့ Function များပါဝင်သော Handset များကို Supplier တွေက ဖြည့်စွက်ခဲ့ပါတယ်။ CDMA အထိုင်ဖုန်းများတွင် FM Radio, Fax, IDD call တွေ ပိတ်လို့ရတာမျိုး၊ Lock ချလို့ရတာ၊ Conference Call တွေအစရှိသဖြင့် ပိုမိုစုံလင်အောင်ထည့်သွင်းခဲ့ကြပါတယ်။ CDMA လက်ပိုင်ဖုန်းတွေမှာဆိုရင်လည်း MP3, MP4 သီချင်း နားထောင်လို့ရတာမျိုးတွေ၊ Camera စသည်တို့ပါဝင်သော ဖုန်းများကို အသုံးပြုလာပါသည်။


နိဂုံးချုပ်

နိဂုံးချုုပ်အနေနဲ့ ပြေရမယ်ဆိုရင်တော့ သာမန်အိမ်သုံးနဲ့ လုပ်ငန်းသုံးများအတွက် CDMA 450 MHz အထိုင်ဖုန်းများက CDMA လက်ပိုင်ဖုန်းများထက် ပိုမိုအသုံးတည့်ကြောင်း သိရှိရပါတယ်။ အခြားသော ဖုန်းတွေထက် CDMA ဖုန်းတွေက လိုင်းဆွဲအား အထူးကောင်းမွန်ပြီး Transmission အတွက် ဖုန်းပါဝါကို အဓိကထားအသုံးပြုကြပါတယ်။ ထို့ကြောင့် ဘက်ထရီစားနှုန်းမှာ သာမန် GSM ဖုန်းများထက ပိုမိုမြင့်မားပြီး ဘက်ထရီတက်တမ်း ပိုမို တိုတောင်းတယ်လို့ သိရှိရပါတယ်။


(၁) CDMA 450 Phone တွေမှာ ဘာကြောင့် ဘက်ထရီအကုန်မြန်ရတာလဲ?

အဓိကအကြောင်းကတော့ CDMA 450 MHz Network ဟာ Low Frequency Band ဖြစ်တာကြောင့် Network Coverage Area ဟာ အခြား High frequency တွေထက် ပိုများပါတယ်။ ဒါကြောင့် Cell တွေမှာ Transmit Power ပိုမိုသုံးစွဲရတဲ့အတွက် အခြားဖုန်းတွေထက် ဘက်ထရီအကုန်မြန်ရခြင်းဖြစ်ပါတယ်။


(၂) CDMA 450 MHz Network ကို မည်သည့်ဒေသတွေမှာ အဓိကထားပြီးတော့ သုံးစွဲသလဲ?

CDMA 450 MHz Network ဟာ Frequency အနိမ့်ပိုင်းမှာ အလုပ်လုပ်တဲ့အတွက် အတားအဆီးနည်းတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အသုံးများရခြင်း ဖြစ်ပါတယ်။ အတားအဆီးများတဲ့ မြို့ပြဒေသတွေမှာကျတော့ အဆောက်အဦးတိုက်တာတွေ Block ဖြစ်နေပြီး Penetration ပိုင်းမှာ အနည်းငယ်အခက်အခဲရှိနေတာကြောင့် ကမ်းရိုးတန်းဒေသမှာ အဓိကထားပြီးသုံးရခြင်းဖြစ်ပါတယ်။


(၃) CDMA ၏ နည်းစနစ် အားသာချက်

CDMA 450 MHz Network ဟာ Large cell size ဖြစ်ပြီး Coverage Area ကျယ်သောကြောင့် Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်ခြင်း၊ Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်သည့်အတွက် ကွန်ယက်တိုးချဲ့သည့်အခါ ကုန်ကျစရိတ်သက်သာခြင်း၊ Transmission Signal များကိုလည်း အခြား GSM Network တွေထက် Receving လုပ်နိုင်ခြင်း (Better Receive Signal at Receiver) လိုင်းဆွဲအားမှာလည်း အခြား Network များထက် ပိုမိုသာလွန်ခြင်းတို့ ဖြစ်ပါသည်။

  (GoogleMobile)ဖားကန့်

အများပြောနေကြတဲ့ G, H+, E, 3G နဲ့ LTE ဆိုတာဘာလဲ?



G, H+, E, 3G နဲ့ LTE
အင်တာနက် သုံးတဲ့ အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာ H+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲ့ H+ ဆိုတာ
မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။

H - HSDPA (High Speed Downlink Packet Access) (Year-2006)H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb
/sHD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်။


H+ - HSDPA Plus (Year-2011)H ထက် ပိုမြန်တာ အသေ အချာပါပဲ ။
အင်တာနက် မြန်နူန်း 21 Mb/s ထိရပါတယ်။ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူ
ကူ ကြည့်ရှုနိုင်ပါပြီ။

Broadband connection တွေနဲ့တောင်တူတယ် 3G - 3rd Generation / UMTS ( Year- 2003) ရုပ်ရောအ
သံပါ (video calling) အင်တာနက် မြန်နူန်း တစ်ခုဖြစ် ပါတယ်။ စ စပိုင်း 384kb/s သာရရှိနိုင် ခဲ့ပြီး ..အခုချိန်
ဒေါင်းလုပ်မြန်နူန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။2

20ရာစု အစပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့် တိုးတက် လာချိန်မှာ ရရှိတဲ့ အင်တာနက် jမန်နူန်းဖြစ်လို
Y3rd Generation လို့ခေါ်တာပါတဲ့။

E - EDGE (Enhanced Data Rates for GSM Evolution) ( Year- 2006)အင်တာနက်မြန်နူန်းက 384Kb/s
EDGE ကို 2.75G လို့ ယူဆလို့ရပါတယ်။3G မပြည့်ဘူးပေါ့ ။2G ကနေ 3G ဖြစ်လာဖို့carriers ကို အဆင့်
မြင့်လိုက်ခြင်းပါ။
E ဆိုတာ 3G နည်းပညာ ပေါ်လာပြီးမှသာ ဖြစ်လာခြင်း ဖြစ်ပါတယ် ။G - GPRS (General Packet Radio S
ervice)( Year- 2000)GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နူန်းတစ်ခုပါ။2.5G လို့လည်း
ယူဆနိုင်ပါတယ်။ 2G ကနေ ပြောင်းလဲ လာခြင်းဖြစ်ပြီး webpage တစ်ခုသာမြန်နူန်းကတော့ 115kb/s ရပါ
တယ်။

GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲတိုးတတ်သွား
ခြင်းပါ။

LTE - Long Term Evolution (4G*) ( Year- 2013)မြန်နူန်းအမြင့်ဆုံးကတော့ LTE ပါ။မြန်နူန်း 100Mb/s
အထိ ရပါတယ်တဲ့ ။broadband connection လောက်တော့ သနားပါတယ်တဲ့ ။Full HD Videos များကို
ကြည့်ရူခြင်းကို လုပ်ဆောင်နိုင်ပါတယ်။LTE ဆိုတာ 4G နဲ့မတူပါဘူး ။LTE ကိုသာ 4G လို့ မှတ်ယူတတ်
ကြပါတယ်။4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။ မြန်နူန်း 1Gb/s ထိ

Ref: Giffgaff.com Computer Services & Network Solutions

 (GoogleMobile)ဖားကန့်


♪ သင်မသိနိုင်လောက်သေးတဲ့ Facebook အကြောင်းများ ♫

♪ သင်မသိနိုင်လောက်သေးတဲ့ Facebook အကြောင်းများ ♫

သင်ဟာ Facebook သုံးစွဲသူတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ ဘာမှမရှိပါဘူး။ လွန်ခဲ့တဲ့ ၁၂နှစ်အလွန် ၂၀၀၄ခုနှစ် လောက်တုန်းက ဟားဗတ်တက္ကသိုလ် ကျောင်းသားတစ်စု ပြုလုပ်ခဲ့တဲ့ Facebook လူမှုကွန်ယက်ဟာ ယခုအချိန်မှာ လူတိုင်းဆီမှာရှိနေတဲ့ ကမ္ဘာ့အကြီးမားဆုံး Social Media ကြီးအဖြစ်နဲ့ ပြောင်းလဲလာခဲ့ပါပြီ။

ဒါကြောင့်သင့်အနေနဲ့ Facebook နဲ့ ပတ်သက်တဲ့ သင်မရှိနိုင်လောက်တဲ့ အကြောင်းအရာတချို့ကို တင်ပြပေးလိုက်ပါတယ်။

၁) ၃၅.၇

Facebook တည်ထောင်သူ ဇက်ကာဘတ်ရဲ့ ကြွယ်ဝမှုပမာဏပဲဖြစ်ပါတယ်။ ဇက်ကာဘတ်ဟာ Facebook ကိုစတင်တည်ထောင်တဲ့ ပထမနှစ်မှာ ကုမ္ပဏီတည်မြဲဖို့အတွက် အသည်းအသန်ရုန်းကန်ခဲ့ရပြီး ယခုအချိန်မှာတော့ Facebook ဒေါ်လာ ၃၅.၇ဘီလျံလောက်ချမ်းသာနေပြီဖြစ်ပါတယ်။
mark-zuckerberg6

၂) ၆၀၀,၀၀၀

တစ်ရက်အတွင်း အဟက်ခံနေရတဲ့ Facebook Profile အရေအတွက်ဖြစ်ပါတယ်။
20 Things you didn't know about Facebook

၃) ၂၅၃

Facebook ရဲ့ တန်ကြေးဟာဒေါ်လာ ၂၅၃ဘီလျံတန်ကြေးရှိနေပြီဖြစ်ပြီး တခြား ကုမ္ပဏီကြီးတွေဖြစ်တဲ့ Netflix, Yahoo, eBay, AOL နဲ့ Zynga တို့လို ကုမ္ပဏီတွေအားလုံးပေါင်းတန်ကြေးရှိပါတယ်။
20 Things you didn't know about Facebook

၎) ဘာသာစကားများ

Facebook ကို ဘာသာစကားမျိုးစုံနဲ့ သုံးလို့ရရုံသာမက ပင်လယ်ဓားပြတွေသုံးတဲ့ “Pirate” ဆိုတဲ့ ဘာသာစကားနဲ့ပါ အသုံးပြုနိုင်ပါသေးတယ်။
20 Things you didn't know about Facebook

၅) သန်း ၉၀၀

ကမ္ဘာပေါ်က လူတွေဟာ Facebook ပေါ်မှာ တစ်ရက်ကို နာရီပေါင်း သန်း ၉၀၀လောက်ရှိနေကြပါတယ်။

၆) Facebook ရဲ့ ပထမဆုံးပုံ

Facebook စတင်တည်ထောင်ခဲ့စဉ်အခါက Facebook Homepage Cover မှာ AL Pacino ရဲ့ပုံကို တင်ထားခဲ့ပါတယ်။
20 Things you didn't know about Facebook

၇) သူငယ်ချင်းများ

ကမ္ဘာပေါ်က Facebook အကောင့်တွေထဲက တစ်ခုစီမှာ ပျမ်းမျှအားဖြင့် သူငယ်ချင်း ၁၃၀ခန့်ရှိကြပါတယ်။
20 Things you didn't know about Facebook

၈) နေရာများ

၂၀၁၅ခုနှစ်အတွင်းမှာ Facebook ပေါ်မှာ check လုပ်မှုအများဆုံးနေရာတွေအဖြစ် Desneyland, Universal Studios, New York Time Square, Eiffel Tower, Niagara Falls တို့က မှတ်တမ်းဝင်ခဲ့ပါတယ်။
20 Things you didn't know about Facebook

၉) သုံးစွဲမှု

သာမန် Facebook သုံးစွဲသူတစ်ယောက်ဟာ တစ်ရက်မှာ ၁၄ကြိမ်လောက် ဖုန်းကိုဖွင့်ပြီး Facebook ကိုကြည့်ကြပါတယ်တဲ့။ သင်ရော တစ်ရက်ဘယ်နှစ်ကြိမ်ကြည့်ဖြစ်ပါလဲ။
20 Things you didn't know about Facebook

၁၀) မှုခင်းများ

Facebook ပေါ်မှာ Unfriend လုပ်လိုက်လို့ အပြင်မှာ လူသတ်တဲ့အထိ ဖြစ်ဖူးပါတယ်။

၁၁) လုံခြုံရေး

သင့်အနေနဲ့ Facebook ကနေ Signed-Out လုပ်သွားရင်တောင်မှ သူတို့တွေဟာ သင်ဘယ်နေရာတွေကို ဝင်ရောက်ခဲ့တယ် ဆိုတာ ခြေရာခံနိုင်ဆဲဖြစ်ပါတယ်။
20 Things you didn't know about Facebook

၁၂) ၇.၅သန်း

Facebook ရဲ့ “Like” နဲ့ “Share” ခလုတ်တွေကိုအသုံးပြုထားတဲ့ Website အရေအတွက်ပဲဖြစ်ပါတယ်။

၁၃) တရုတ်

Facebook ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့် Facebook ကိုအသုံးပြုနေသူ ၉၅သန်းခန့် ရှိတယ်လို့ သိရပါတယ်။
20 Things you didn't know about Facebook

၁၄) Block လုပ်ခြင်း

တကယ်လို့ သင့်အနေနဲ့ လူတစ်ယောက်ယောက်ဒါမှမဟုတ် Page တစ်ခုခုကို Facebook ပေါ်မှာမကျေနပ်ရင် Unfriend လုပ်တာ Unfollow လုပ်တာတွေလုပ်လို့ ရပါတယ်။ ဒီထက်ပိုအဆင့်တက်ချင်ရင် အဲ့ဒါထက်အဆင့်မြှင့်တဲ့ Block လုပ်ပြီး လုံးဝတားမြစ်လိုက်လို့ရပါတယ်။ ဒါပေမယ့် Mark Zuckerberg ရဲ့ Page ကိုတော့ လုံးဝ Block လုပ်လို့မရပါဘူး။ တကယ်လို့သင့်အနေနဲ့ စမ်းချင်တယ်ဆိုရင် ဒီနေရာကိုနှိပ်ပြီး စမ်းသပ်နိုင်ပါတယ်။
123

၁၅) Like

မူလပထမအစမှာ Facebook ရဲ့ အင်ဂျင်နီယာတွေဟာ “Like” ခလုတ်ကို “Like” လို့မခေါ်ချင်ပဲ “Awesome” လို့ နာမည်တပ်ချင်ခဲ့ကြပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။

၁၆) လှူဒါန်းမှု

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက Mark Zuckerberg နဲ့ ဇနီးဖြစ်သူ Priscilla Chan တို့ဟာ သမီးလေးမွေးဖွားတဲ့ အထိမ်းအမှတ်အနေနဲ့ Facebook ရှယ်ယာတွေရဲ့ ၉၉ရာခိုင်နှုန်းအထိကို လှူဒါန်းပစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ အကြီးမားဆုံးအလှူရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။
mark-zuckerberg-&-wife
၁၇) Facebook ရဲ့သုတေသနတွေအရ ခရစ္စမတ်မတိုင်မှီတစ်ပတ်အလိုအချိန်ဟာ စုံတွဲအများစုရဲ့ အသဲအကွဲဆုံးအချိန်ဖြစ်တယ်လို့သိရပါတယ်။
20 Things you didn't know about Facebook
ကဲသင့်အနေနဲ့ ဒီလောက်ဆိုရင် သင်အသုံးပြုတဲ့ Facebook အကြောင်းကို အတော်အသင့်သိလောက်ပြီလို့ထင်ပါတယ်။ တကယ်လို့ ဒီအကြောင်းအရာက သင့်အတွက် ဗဟုသုတ ဒါမှမဟုတ်တစ်ခုခုကျန်ခဲ့မယ်ဆိုရင် Facebook မှာ share လုပ်သွားနိုင်ပါတယ်။ 😀

            ကျွန်တော်တို့(GoogleMobile) မှ နေ့စဉ်ကြိုးစားလျှက်

♪ Android မှာလည်း ထွက်ရှိလာပြီဖြစ်တဲ့ Prisma ♫



Android အသုံးပြုသူတွေအတွက် သတင်းကောင်းပါပဲ။ အခုတလော ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ Prisma app ဟာ Android မှာလည်း ထွက်ရှိလာပြီဖြစ်ပါတယ်။

Prisma ဆိုတာ ဓာတ်ပုံတစ်ပုံကို မော်ဒန်အနုပညာလက်ရာမြောက်ပုံတစ်ပုံအဖြစ် ပြောင်းပေးနိုင်တဲ့ filter တွေ အများကြီးပါရှိတဲ့၊ အမိုက်စားအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး၊ iOS မှာထွက်လာတာ ငါးပတ်လောက်ပဲရှိပါသေးတယ်။

ငါးပတ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာ Prisma ဟာ နိုင်ငံပေါင်း ၄၀ ကျော်မှာ ဒေါင်းလုဒ်ဆွဲယူမှုအများဆုံး app အဖြစ် ထိပ်ဆုံးက ဦးဆောင်နေပြီး၊ ဒေါင်းလုဒ်ဆွဲယူမှု ၇.၅ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်အသုံးပြုသူပေါင်းလည်း ၁.၅ သန်းကျော် အထိ ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။

အခုအခါ နာမည်ကျော် photo editor app တစ်ခုဖြစ်တဲ့ Prisma ကို Android သမားတွေလည်း အသုံးပြုနိုင်တော့မှာဖြစ်ပြီး၊ ကိုယ့်ဓာတ်ပုံတွေကို မော်ဒန်ပန်းချီကားတစ်ချပ်အဖြစ် အသွင်ပြောင်းနိုင်တော့မှာပါ။

ဒါပေမယ့် Prisma ဟာ Android မှာ Beta အနေနဲ့ပဲ အရင်ထွက်ရှိလာတာဖြစ်ပြီး၊ ဒီနေရာကနေ Prisma Beta ဗားရှင်းကို အစမ်းသုံးဖို့ စာရင်းပေးနိုင်ပါတယ်။ အောက်ဆုံးထိ ဆွဲချပြီး၊ Sign Up for News နေရာမှာ မိမိနာမည်နဲ့ အီးမေးလ်လိပ်စာကို ရေးထည့်ထားရင်၊ Prisma beta app ထွက်ရှိလာတဲ့အခါ၊ စာရင်းပေးထားသူတွေကို invite လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မော်စကိုအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Prisma Labs ရဲ့ ပြောကြားချက်အရ၊ Prisma ကို Google Play Store မှာ ယခုလကုန်လောက် တရားဝင်တင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

iPhone ကိုင်သူတွေအကြားမှာ တရှိန်ထိုးပေါက်ခဲ့သလိုပဲ၊ Android အတွက် တရားဝင်ထွက်လာပြီဆိုရင်လည်း ကြိမ်းသေအောင်မြင်မှာပါ။

                                                   (GoogleMobile)ဖားကန့်

Tuesday, July 19, 2016

နည်းပညာပြန်လည်မျှဝေခြင်း

မြန်မာ အင်တာနက် ကြည့်တဲ့ ပရိတ်သတ်တွေ အတွက် အဆင်ပြေစေရန် မြန်မာ ၀က်ဆိုဒ် လေး တွေ ကို စုစည်း ပေးထားတာဖြစ် ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ web site ကို Address bar မှာ ရိုက်စရာ မလိုပါဘူး။ ကိုယ်ကြည်ချင်တဲ့web site ပေါ်မှာ ကလစ်လေး နှစ်လိုက်ရုံပါပဲ။

1. www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)

10.www.shwedream.com(vcd လေးတွေကြည့်မယ်)
11.www.burmeseclassic.com(ဓမ္မသီချင်းများ)

12.www.shweclassic.com (ဓမ္မသီချင်းများ)

13.www.royal-myanmar.com (ဒါလည်းစုံတယ်နော်)
14.www.yinkhonthanfm.com
15.www.popularmyanmar.com (ပေါ်ပြူလာဂျာနယ်လေးနော်)
16.www.myanmarpyithar.com
17.www.first-11.com
18.www.weeklyeleven.com (eleven ဂျာနယ်စုံ)
19.www.snapshop.com(လျှပ်တစ်ပြက်ဂျာနယ်)
20.www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
21.www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
22.www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
23.www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
24.www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
25.www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
26.www.perfectmagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
27.www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
28.www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
29.csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့ ကြေငြာချက်တွေကြည့်မယ်)
30.www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
31.www.thanzinhlaing.com

32.www.naykabyar6.com

33.www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)

34.www.iburmese.com

35.www.mymyanmar.net

36.www.myanmar.mmtimes.com (မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)

37.www.etrademyanmar.com

38.www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)

39.www.mandalaygazette.com
40.www.shopping.com.mm
41.www.healthymyanmar.com
42.www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
43.www.myanmarbible.net
44.www.myanmargoal.com
45.www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
46.www.myanmarscholarship.com
47.www.myanmarmyanmar.com

49.www.myanmarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
50.www.hird.hypermart.net
51.www.serenapowers.com
52.www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
53.www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
54.www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
55.www.foreverspace.com.mm

57.www.thanlwin.com
58.www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
59.www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
60.www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
61.www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်)
62.www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
63.www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
64.www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
65.www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
66.www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
67. www.dhamadarna.net ( ဓမ္မဒါန )
68.www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း )
69. www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
70.www.ourmandalay.net (ကျွန်ုတို့ ရဲ့ မန္တလေး )
71. www.myanmarchatonline.org (online သတင်းလေးတွေ )
72. www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
73.www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
74.www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )

GoogleMobile Phone Sales & Services

Google Mobile Phone Sales & Services ဆိုင်မှ......ကြိုဆိုပါ၏


လက်ညှိုးထောင်ခိုက် ခေါင်းညိတ်လိုက်သော် - ဟာသ




တစ်ခါက အရမ်းကိုခေါင်လွန်းလှတဲ့နယ် မြို့လေးတစ်မြို့ရဲ့ကျန်းမာရေးဌာနတစ်ခုမှာ

သူနာပြုဆရာမလေး တစ်ယောက်တာဝန်ထမ်းဆောင်နေတယ်။ သူက (အပျို)ပေါ့။

တစ်နေ့တော့ အဲဒီ မြို့နယ်အပိုင် ဝေးလံခေါင်သီတဲ့ ရွာတွေများ ကလေးမွေးဖွားနှုန်းတွေ

များလွန်းနေတဲ့အတွက် လူဦးရေလျှော့ချဖို့ ရည်ရွယ်ပြီး သားဆက်ခြားရေးစီမံချက်အရ

အဲဒီရွာတွေကို တိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ မြို့နယ်ကျန်းမာရေးဌာန က

ကျန်းမာရေးမှူး ဆရာဝန်ကြီးတွေကိုယ်တိုင် ကွင်းဆင်းပြီး သားဆက်ခြားရေး စီမံချက်

အတွက် ရွာသားတွေကို ကျန်းမာရေးအသိပညာတွေ ဟောပြောပေးဖို့ အထူးစီမံချက်

အနေနဲ့သွားကြရတာပေါ့။
ဆရာဝန်ကြီးတွေ၊ လူကြီးတွေက အဲဒီမှာ ကျန်းမာရေးအသိပညာတွေကို

ရွာသားတွေ သိရှိအောင် ဟောပြောသရုပ်ပြဖို့ သူနာပြုဆရာမလေးကို တာဝန်ပေး

တာပေါ့။
ဟောပြောရမယ့် အကြောင်းအရာက သားဆက်ခြားဖို့ ကွန်ဒုံးသုံးစွဲဖို့ ဆိုတဲ့

အကြောင်းအရာပါ။
စီမံချက်ဆောင်ရွက်မယ့် ရွာကိုရောက်အောင် တောတွေဖြတ် တောင်တွေကျော် နဲ့ခက်ခဲပင်ပန်းကြမ်းတမ်းစွာ သွားကြရတာပေါ့။ ရွာကိုရောက်တော့ရွာသားတွေအားလုံး ကို ခေါ်ပြီး ရွာကဘုန်းကြီးကျောင်းမှာ ဟောပြောပွဲလုပ်တော့တာပဲ။
တိုင်းနဲ့မြိုနယ်အဆင့်ဆရာဝန်ကြီးတွေရဲ့ဟောပြောဆွေးနွေးမှုအပြီးမှာတော့
သူနာပြုဆရာမလေးအလှည့်ပေါ့။ အဲဒီမှာပြသနာစတော့တာပါပဲ။ ရွာသားတွေ၊
လူကြီးတွေအားလုံးရဲ့အရှေ့မှာ သူပြောရတော့မှာကိုး။ ပြီးတော့ အပျိုကလဲဖြစ်ပြန် ပြောရမှာကလဲ ရှေ့မှာ ယောက်ျားသားတွေချည်း။ ပြောရ သရုပ်ပြရမယ့် အကြောင်းအရာကလဲ ကွန်ဒုံးသုံးစွဲပုံသုံးစွဲနည်း။ ခက်တော့နေပါပြီ။
ရှက်ကလဲရှက်။ ကြောက်လဲကြောက်နဲ့ မထူးတော့ပါဘူးဆိုပြီးပြောချရတော့တာ ပေါ့။ ပြောပုံကကြည့် (
ရှင်တို့ ညအိပ်ခါနီးရင်လေ………..ရှင်တို့ဟာကို ဟိုလေ…… ရှင်တို့ဟာလေ သိတယ်မဟုတ်လား ဆိုပြီး လက်ညှိုးလေးထောင်ပြသတဲ့။
ရွာသားတွေက ဟုတ်ကဲ့…ဟုတ်ကဲ့ပေါ့။ ပြီးတော့မှလက်ညှိုးလေးထောင်ပြရင်းက
ရှင်တို့ဟာကိုလေ အပေါ်ကနေဟောဒီလို စွပ်ချရတယ် …….ဆိုပြီး ကွန်ဒုံးလေးကို စွပ်ပြလိုက်ရော။
အဲဒီလိုလုပ်ပြီးမှ အိပ်ယာဝင်ကြပါ..လို့ပြောတယ်။ ပြီးတော့ရွာသားတွေကိုလည်း
ရှင်းကြရဲ့လား။ လွယ်လွယ်လေးပါလို့မေးလိုက်တော့….. ရွာသားတွေကလည်း ရှင်းပါတယ်ဆရာမဆိုပြီး ခေါင်းလေးတွေ ညိတ်ပြကြတာပေါ့။
အဲဒီလိုနဲ့ ဟောပြောပွဲပြီးတော့ ရွာသားတွေကို သူတို့နဲ့အတူပါလာတဲ့ ကွန်ဒုံး တွေကို ဝေပေးပြီးမှ ပြန်လာကြသတဲ့။
နောက်တစ်နှစ်ကြတော့ အဲဒီရွာရဲ့ ကလေးမွေးဖွားနှုန်းကို စာရင်းကောက်ကြည့် တဲ့အခါ……….. မနှစ်ကထက် (နှစ်ဆ) ပိုများနေသတဲ့။ အဲဒီမှာတင် လူကြီးတွေနဲ့အတူတူ အဲဒီသူနာပြုဆရာမလေးပါ မျက်လုံးတွေပြူးပြီး ပြာပြာသလဲ အဲဒီရွာကို အပြေးသွားကြရတော့တာပေါ့။
ရွာရောက်တော့ ချက်ခြင်းဆိုသလဲရွာသားတွေကိုစုပြီး မေးမြန်းကြရတော့တာပေါ့။ သူနာပြုဆရာမလေးက ဒေါသတကြီးနဲ့ ရွာသားတွေကို
ရှင်တို့ကလေးမွေးနှုန်းက မနှစ်ကထက် (နှစ်ဆ) ပိုများလာတယ်။ မနှစ်က ကျွန်မတို့ လာပြီးဟောပြောသလို မလိုက်နာကြဘူးလား။ ကျွန်မတို့ပေးသွားတဲ့ ဟိုပစ္စည်းလေးရော မသုံးကြဘူးလားလို့ မေးသတဲ့။
အဲဒီအခါ ရွာသားတစ်ဦးက ပြန်ပြောတာကတော့………..
အမယ်လေးသုံးတာပေါ့ဆရာမလေးရယ် ဆရာမလေးမှာသလိုသေသေချာချာကို လုပ်တာပါဗျာ……… ကျွန်တော်တို့အားလုံး ညအိပ်ရာမ၀င်ခင်မှာလေ ကျွန်တော်တို့ရဲ့ လက်ညှိုးကိုဟေားလိုထောင်….. ဆရာမလေးတို့ပေးသွားတဲ့ဟာလေးကို ဟောဒီလိုစွပ်…. ပြီးမှ မီးမှုတ်ပြီးအိပ်ယာဝင်ကြတာပါ……………… အဲဒါ ဆရာမလေးတို့ ပေးထားတဲ့ဟာလေးရဲ့ အစွမ်းမထက်မှာစိုးလို့လေ ကျွန်တော်တို့ မိုးလင်းတဲ့ အထိတောင် အဲဒီလက်ညှိုးကို အောက်ပြန်မစိုက်ပါဘူးဗျာ……………တဲ့။
                                                                  (GoogleMobile)ဖားကန့် ကိုဥာဏ်လင်း

ကွန်ပြူတာရဲ့ ဆေးစာ (ဟာသ)




လူတစ်ယောက်ဟာ သူ့ညာဘက် လက်မောင်း နာနေလို့ ဆရာဝန်နဲ့ ပြကြည့်မယ်ဆိုတော့.. သူ့ သူငယ်ချင်းက အလကား ပိုက်ဆံကုန်အောင်ကွာ.. ကွန်ပြူတာ စက်ကို “ဆီး” အစစ်ခိုင်းပြီး ရောဂါ ရှာလိုက်ရင် ဆယ်စက္ကန့် အတွင်း သိရမယ်.. ပြီးတော့ ငွေတစ်ထောင်ပဲ ကုန်မယ် ပြောတော့ စိတ်ဝင်စား ဖြစ်မိတာနဲ့…

ဆေးခန်းရှေ့ က ကွန်ပြူတာဆီကို ရောက်သွားမိတယ်…

ရောက် ရောက်ချင်း ကွန်ပြူတာထဲကို တစ်ထောင် ထည့်လိုက်တော့.. ကွန်ပြူတာက “ဆီး” ထည့်ဖို့ ပုလင်းခွံ တစ်လုံး ထွက်လာတယ်…

“ဆီး” တွေကို ကွန်ပြူတာနဲ့ ချိတ်ထားတဲ့ ခွက်ထဲ လောင်းထည့်လိုက်ပြီး ဆယ်စက္ကန့် အကြာမှာ ကွန်ပြူတာက ဆေးညွှန်းစာရွက် ထုတ်ပေးတယ်…

” သင့်လက်မောင်း နာနေတယ်.. စိုးရိမ်စရာမရှိ.. ရေနွေးနွေးနဲ့ ကြပ်ပူတိုက်ပေးပါ.. အလေးအပင် မ မပါနဲ့.. တစ်ပတ်အတွင်း ကောင်းသွားမှာပါ…” တဲ့..။

ဆေးစာကို ကြည့်ပြီး သူ တော်တော် အံ့သြသွားတယ်..။ ကွန်ပြူတာကို တော်တော်လေးလည်း အထင်ကြီးသွားတယ်…။

အိမ်ပြန်ရောက်တော့ ကွန်ပြူတာကို အရူးလုပ်ချင်တဲ့ စိတ်ကူး ပေါက်သွားတယ်တဲ့…။

ဒါနဲ့.. “ဆီး” ထည့်တဲ့ ပုလင်းထဲကို…
၁။ ရေပိုက်ထဲက ရေနည်းနည်း..
၂။ ခွေးဆီက…
၃။ သမီးဆီက…
၎။ ဇနီးဆီက.. “ဆီး” နည်းနည်းစီ ရောထည့်..
၅။ သူ့ “ဆီး” ကိုတော့ ကွန်ပြူတာက သိပြီးသား ဖြစ်နေတော့… (ကန်တော့ပါရဲ့..) မာစတာဘိ လုပ်ပြီး.. သူရဲ့ သုတ် အနည်းငယ် ပေါင်းထည့်လိုက်တယ်…။

နောက်… ကွန်ပြူတာဆီ ပြန်သွားတယ်..။ အရင်အတိုင်းပဲ ငွေတစ်ထောင် ထည့်လိုက်တော့ ကွန်ပြူတာက စစ်ဆေးတော့တာပဲ…

အဲ… ဆယ်စက္ကန့်နဲ့ မပြီးဘူးဖြစ်နေ သတဲ့..။ ကွန်ပြူတာ.. ခေါင်းနည်းနည်း စားသွားပုံ ရတယ်..။ အတော်လေး ကြာမှ စာရွက် တစ်ရွက် ထွပ်လာတယ်….။

” သင်သိလိုတဲ့ အဖြေအားလုံးကို သိဖို့ ငွေလေးထောင် ထပ်ထည့်ပါ..” တဲ့…။

ဟုတ်တယ်လေ… သူ့ဟာက ငါးမျိုး ဖြစ်နေတာကိုး…. ငွေလေးထောင်လဲ ထပ်ထည့်လိုက်ရော.. ဆေးစား အပြည့်အစုံ ထွက်လာတယ်… ဒီလို…

၁။ သင့် ရေပိုက်ခေါင်းက သံချေးတွေ တက်နေပြီး ရေက နံနေတယ်.. ဒီရေကို သုံးစွဲရန် မသင့်… ရေပိုက်ခေါင်းအသစ် အမြန်လဲပါ..။
၂။ သင့်ခွေးမှာ ဝဲ ပေါက်နေတယ်.. လူကို မကူးစက်ခင် ဝဲပျောက်ဆေးလူးပြီး ရေချိုး ပေးလိုက်ပါ..။
၃။ သင့် သမီးက ငယ်ငယ် ရွယ်ရွယ်နဲ့ ဆေးစွဲနေတယ်.. ဆရာဝန်နဲ့ အမြန်ပြပြီး ဆေးဖြတ်ပေးပါ.. AIDS ဖြစ်လာနိုင်ချေ ရှိတယ်…။
၎။ သင့် ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ.. မိန်းခလေး.. အမွှာပူး.. သင်နဲ့ရတာ မဟုတ်.. ကွာရှင်းဖို့.. ရှေ့နေတစ်ယောက်.. အမြန်ရှာထားပါ…။
၅။ အဲ့.. သလိုသာ လက်ကမျင်းနေရင် ညာဘက် လက်မောင်းနာတာ ဘယ်တော့မှ မပျောက်ဘူး…မှတ်ပါ..” တဲ့..
ဂြီ…!
                                             (GoogleMobile)ဖားကန့်

ချစ်သူထံမှကိုလုံး ဖတ်ဖို့ရည်စားစာ - ဟာသ




ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်..သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး

စာဖောက်ဖတ်တာပေါ့ ။စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့

ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့

သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်းပြန်ထည့်ပေးလိုက်တော့တယ် ။

……………………………………………………

ကိုယ်လုံး … (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်ကခေါင်းပြတ်နေလို့လား) ။

ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကိုခေါင်းကြားညှပ်တာ..)

မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲဘာအကောင်ကြီး ဖြစ်မှန်းမသိ)

မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။

မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။

ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့် မီးမပြတ်တဲ့နိုင်ငံခြားတောင်သွားမလားလို့) ။

မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်! သူများတွေ အထင်လွဲတော့မှာပါပဲ.စွဲလန်း လုပ်ပါဟ…) ။

မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။ (ဒါနဲ့ပဲ တန်တယ်လေ..)

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။

ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲသွားကြည့်တာကိုး )

မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။

မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။

ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာထင်တာပေါ့လေ့..(မြက်ပင် လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။

ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့..

အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့…..( အသံ..အသံ !! အထင်လွဲစရာတွေဖြစ်တော့မယ်) ။

တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.)

မျိုဂျီး ဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့…တ အ..အားအော်နေတာလေ(အော်..အသံဝင်လို့ အ အ

လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)

အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။

မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)

ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)

ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..

နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။

စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကိုအားကျလို့တဲ့အေ… သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ

လို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.

ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။

မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်… ။ (အေး Dogလိုတော့မနေဘူးဟ)

ကိုယ်ရယ်..မီး အရန်လွမ်းတာပွဲ (လွမ်းတာပဲ အရန်တွေ ၊ line-up တွေလွမ်းချင်သေးတယ်) ။

မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)

ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)

အကြွေးတွေလည်း အလ**လ** (တန်းပြင်ပေးလိုက်တယ်) ပဲ ။

မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့(တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။

ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။

မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ..(အေး..တိုင်နဲ့ခေါင်းနဲ့သာသေအောင်ဆောင့်ပေတော့)။

မီးစာ ရှည်သွားပီမို့ တော်သေပီ.. (မီးစာကုန်ပြီးမှ မီးသေမှာပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)

။……………ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ကြပါစေ …………… (GoogleMobile)ဖားကန့် ကိုဥာဏ်လင်း