Saturday, July 23, 2016

Xiaomi ရဲ့ MIUI Official Team


Xiaomi ရဲ့ MIUI Official Team မှ ထပ်မံပေးအပ်လိုက်သော Global Developer ROM, MIUI Version: 6.7.21 (MIUI8) တွင် ကျွန်တော်တို့ မြန်မာနိုင်ငံမှ MIUI သုံးစွဲသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ZawgyiX1 ဖြင့် Zaw Gyi Font ကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ..
August 16 မှာ ထွက်လာမယ့် MIUI 8 Stable ROM ပေါ်တွင်တော့ Zawgyi Font ပါဝင်လာဖို့ ကျနော်တို့ မျော်လင့်လို့ ရပြီပဲ ဖြစ်ပါတယ်ခင်ဗျ..
Xiaomi ကို အစဉ်အဆက် အသုံးပြုလာခဲ့တ...ဲ့ မြန်မာပြည်မှာ ရှိတဲ့ Mi Fans များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ..
******************************************************************************
Zaw Gyi Font ပြောင်းလည်းရမည့် အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ..
၁ ။ ။ Settings >> Additional settings ထဲက Locale မှာ Myanmar ( Burma) ထားပေးရပါမယ် ခင်ဗျ။
၂ ။ ။ Themes ကိုဖွင့်ပြီး ဘယ်ဘက် အပေါ်ထောင့်က My Account ထဲက Font ကိုနိုပ်ပြီး ZawgyiX1 ကို အမှန်ခြစ် လေး စိမ်းသွားလျှင်တော့ လက်ရှိအသုံးပြုနေသည့် လူကြီးမင်း၏ Global Official Xiaomi Smart Phone တွင် မြန်မာစာ ZawGyi ကို အဆင်ပြေစွာ အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။။
Via : Mi Myanmar
‪#‎Miui8‬ ‪#‎Zawgyi‬ ‪#‎Font‬ ‪#‎RMMobile‬ ‪#‎Unlock‬

See More

(Google Mobile)ဖားကန့်

Five almost-certain features of the iPhone 7 and iPhone 7 Plus:


iPhone 7 and iPhone 7 Plus:
1. No headphone jack
2. 32GB of base storage — goodbye, 16GB!
3. Camera improvements, including dual cameras on iPhone 7 Plus
4. Improved waterproofing...
5. 3GB of RAM for iPhone 7 Plus
Via : macrumors
‪#‎iPhone7Plus‬ ‪#‎Dual‬ ‪#‎Camera‬

See More

✅ MPT / Telenor / Ooredoo /MECTel တို့အကြောင်း သိမှတ်ဖွယ်ရာများ

-> ဖုန်းပြန်ခေါ်ပေးပါ
*222*လက်ခံမည့်ဖုန်းနံပါတ်#call
-> ဘေလွှဲရန်
*223*ငွေပမာဏ*လပ်ခံမည့်ဖုန်း#call
-> ဘေစစ်ရန်
*124# call (or) *124*1#call
-> အခြားဖုန်းငွေဖြည့်ရန်
*123*PIN.NO*လက်ခံမည့်ဖုန်း#call
-> Internet Package ဝယ်ရန်...
400MB (or) 1GB (or) 5GB ထိရှိတယ်။
400MB ဆို ၁လ 2800 ကျမယ်။
1GB ဆို ၁လ 6500 ကျမယ်။
5 GB ဆို ၁လ 25000 ကျမယ်။
ဝယ်ချင်ရင် 1332 ကို ဝယ်ချင်သလောက် SMS ပို့ပါ
ဥပမာ 1GB ဝယ်ချင်ပါက 1332 ကို 1GB ဟုရိုတ်နှိပ်၍ Sms ပို့ပေးရမှာဖြစ်ပါတယ်။
Telenor
**********
-> ငွေလက်ကျန်စစ်ဆေးရန်
*124#
-> ငွေဖြည့်ချင်ရင်
*123*pin#
-> ဖုန်းဘေကုန်နေတဲ့အချိန် သူများကို ဖုန်းပြန်ခေါ်ခိုင်းမယ်ဆို
*979*3*2*ph.no#
-> တယ်လီနော ကတ်အချင်းချင်း ငွေဖြည့်ပေးမယ်ဆိုရင်
*979*1*3*2*ph.no*pin#
-> Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင်
*979*2*4*ph.no*amount#
-> Facebook ကို 1400 ကျပ်နဲ့  14 ရက် သုံးမယ်။
၁၄၀၀ ကျပ်တည်း နဲ့ ၁၄ ရက်အတွင်း ဖေ့စဘွတ်အဝသုံး၊ ဖေ့စဘွတ် ဗီဒီယို အဝကြည့် ချင်ရင်
500 ကို ‘FB’ ဆိုပြီး ပို့ပါ။
-> အရေးပေါ် ခေါ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့
*979*3*3*1# (ရဲစခန်း)
*979*3*3*2# (ဆေးရုံကား)
*979*3*3*3# (မီးသတ်)
-> ဖုန်းငွေကုန်သွားလို့ တယ်လီနောဆီက ပိုက်ဆံ ၇၀၀ ချေးချင်တယ်ဆို
*500#
-> နောက်ဆုံးပို့ထားတဲ့ SMS ၅ ခုကို ပြန်လိုချင်ရင်
*979*1*4*3#
-> ငွေဖြည့်ထားတဲ့ Top Up ၅ ခုကို ပြန်သိချင်ရင်
*979*1*4*2#
-> နောက်ဆုံးခေါ်ထားတဲ့ ဖုန်း နံပါတ် ၅ ခုကို သိချင်ရင်
*979*1*4*1#
-> အင်တာနက် setting ကိုယ်တိုင်ထည့်မယ်ဆို သို့ APN က 'internet' ဖြစ်ပါတယ်။
နံပါတ် နှိပ်ပြီးမေးမယ်ဆို...
*979*3*1#
-> ငွေလက်ကျန်ကို အင်တာနက် package၊ စူပါဇီးကွက်၊ bonus တွေရဲ့ လက်ကျန်ငွေကိုပါ သိချင်တယ်ဆို
*124*1# သို့ *979*1*1#
-> Miss Called Alert ဆိုတာ ဖုန်းပိတ်ထားတဲ့အချိန် သို့ ဆက်သွယ်မှု ဧရာယာ ပြင်ပရောက်နေချိန်
တစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ခေါ်ခဲ့တယ်ဆို ဖုန်းပြန်ဖွင့်တာ နဲ့ SMS ပို့ပြီးတော့ ပြောပြမှာပါ။
ဝန်ဆောင်မှုက အခမဲ့ပါ။ Miss Called Alert ဖွင့်ဖို့...
*979*2*3*1*2# (သို့) "MCA ON" ဆိုပြီး 222 ကို SMS ပို့ပါ
-> Miss Called Alert ဖြုတ်ဖို့
*979*2*3*2*2# (သို့) "MCA OFF" ဆိုပြီး 222 ကို SMS ပို့ပါ
-> တယ်လီနော ရဲ့ Mobile Money Account ကို သုံးမယ်ဆိုရင်
*900#
-> စူပါပွားကို ဖွင့်မယ်ဆို
*365*1# သို့ SUP ON လို့ 365 ကို SMS ပို့ပါ
-> စူပါပွားကို ဖြုတ်မယ်ဆို
*365*2# သို့ SUP OFF လို့ 365 ကို SMS ပို့ပါ
-> နိုင်ငံခြားရောက်နေလို့ မြန်မာပြည်က တယ်လီနော နံပါတ်နဲ့ နဲ့ ဟိုနိုင်ငံမှာ ဈေးပေါပေါ ဆက်ပြီး အသုံးပြုဖို့ My Roaming Day Pack
*979*2*1*1#
-> တယ်လီနော်က မိနစ် ၁၀၀ ကိုဝယ်မယ်ဆို
*801# (or) *979*2*1*2#
-> ၈၀၀ ကျပ်တန် စူပါဇီကွက် တစ်ပတ်စာ ဝယ်ဖို့အတွက်
*803# (or) *979*2*1*4#
->၂၅၀၀ ကျပ်တန် စူပါဇီကွက် တစ်လစာ ဝယ်ဖို့အတွက်
*802# (or) *979*2*1*3#.
-> Phone Ring Tunes
ဖုန်းခေါ်ဆိုတဲ့အချိန် သီချင်းသံလေးတွေ သူများကို ပေးထားထောင်စေဖို့ အတွက်ဖြစ်ပါတယ်။ ၃၀၀ ကျပ်တော့ ပေးရပါတယ်။
Phone Ring Tunes ဖွင့်ဖို့။
*979*2*3*1*1#
-> Phone Ring Tunes ဖြုတ်ဖို့အတွက်
*979*2*3*2*1#
-> Internet Package ဝယ်မယ်ဆိုရင်
*979*2*2# (or) *400# (ပင်မစာမျက်နှာ)
*979*2*2*4# (or) *400*4# (My Internet weekly 110Mb: 500kyats)
*979*2*2*5# (or) *400*5# (My Internet monthly 500Mb: 1900kyats)
*979*2*2*1# (or) *400*1# (Smart Internet monthly 500Mb: 2700kyats)
*979*2*2*2# (or) *400*2# (Smart Internet monthly 1.25Gb: 6600kyats)
*979*2*2*3# (or) *400*3# (Smart Internet monthly 2.4Gb: 11900kyats)
-> တယ်လီနောရဲ့ ဘော်ဒါ Pack ကိုယူပြီး မိနစ် ၁၀၀ အတွက်
တစ်မိနစ် ၁၅ ကျပ် နဲ့ စကားပြောမယ် ဆိုရင်
*801# call သို့ 500 ကို ‘T1500’ ဆိုပြီး SMS ပို့ပါ
Ooredoo
***********
-> မိမိဖုန်းကို ငွေဖြည့် (Topup) လုပ်လို ပါက
*123* <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ်> # ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> အခြား Ooredoo ဖုန်း နံပါတ်သို့ ငွေဖြည့်ပေး လိုပါက
*123*< မိမိငွေဖြည့် သွင်းပေး လိုသော ဖုန်းနံပါတ် > * <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ် ># ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ဖုန်း ငွေလက်ကျန် စစ်ဆေး လိုပါက
*124# ကို နှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ၀န်ဆောင်မှု များကို စီမံရန်
*133# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> မိမိ၏ ဖုန်းနံပါတ်ကို စစ်ဆေးရန်
*133*5# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ဖုန်း ငွေလွှဲပြောင်း ပေးလို ပါက
*155*< လွှဲပြောင်း လိုသော ပမာဏ > *< လက်ခံမည့် သူ၏ ဖုန်းနံပါတ် ># ကိုနှိပ်ပြီး
Call ခလုတ်ကိုနှိပ်ပါ။
-> အခြားသူအား မိမိဖုန်းကို ငွေဖြည့်ပေး စေလိုပါက
Top Me Up Function ကို အသုံးပြုနိုင် ပါသည်။
*126*< ဖုန်း ငွေဖြည့် ပေး မည့် သူ၏ ဖုန်းနံပါတ် >*< ဖုန်း ငွေဖြည့် လိုသော ပမာဏ ># ကိုနှိပ်ပြီး
Call ခလုတ်ကိုနှိပ်ပါ။
-> ဖုန်း ပြန်ခေါ်စေ လိုပါက
Call Me Back Function ကို အသုံးပြုနိုင် ပါသည်။
*122*< ပြန်ခေါ်စေ လိုသော ဖုန်းနံပါတ် ># ကိုနှိပ် ပြီး Call ခလုတ်ကို နှိပ်ပါ။
MECTel
**********
MECTel CDMA ဖုန်းအချင်းချင်း ငွေလွှဲပေးပို့ နိုင်မည့် အစီအစဉ်သစ်။
*110*Amount*Phone Number#
MEC balance check *#123#
‪#‎MPT‬ ‪#‎Telenor‬ ‪#‎ooredoo‬ ‪#‎MECTel‬

Google Mobile Unlock Services





Mobile Phone များကို Official Network Unlock လုပ်ပေးခြင်း၊ iPhone, iPad, iPod များကို iCloud Lock ဖြည်ပေးခြင်း၊ Android နှင့် iOS Devices များကို Firmware မြှင့်ပေးခြင်း၊ Jailbreak လုပ်ပေးခြင်း၊ Root ဖောက်ပေးခြင်း၊ Myanmar Font သွင်းပေးခြင်း၊ Applications နှင့် Games များကို ဈေးနှုန်းချို သာစွာဖြင့်သွင်းပေးပါသည်။
Google Mobile မှ Official Network Unlock လုပ်သည့်ဖုန်း များကိုတစ်သက်သာ အာမခံ (Life time warrenty) ပေးပါသည်။
◇အသေးစိတ်သိရှိလိုပါကဆက်သွယ်မေးမြန်းစုံစမ်းနိင်ပါသည်။
ဖုန်း ...- 074-70232,0947002079
‪#‎Apple‬ ‪#‎Samsung‬ ‪#‎Sony‬ ‪#‎LG‬ ‪#‎Huawei‬ ‪#‎Xiaomi‬ ‪#‎Meizu‬ ‪#‎Nokia‬ ‪#‎Asus‬ ‪#‎Acer‬ ‪#‎Alcatel‬ ‪#‎Coolpad‬ ‪#‎HTC‬ ‪#‎Google‬ ‪#‎Lenovo‬ ‪#‎MicroMax‬
‪#‎AT‬&T ‪#‎TMobile‬ ‪#‎Sprint‬ ‪#‎Verizon‬ ‪#‎WorldWideUnlock‬ ‪#‎iCloud‬
‪#‎MXTP‬ ‪#‎FRP‬ ‪#‎iPhone_Disabled‬ ‪#‎iPad_Disabled‬
‪#‎Network‬ ‪#‎Unlock‬ #iCloud ‪#‎IMEI‬ #Repair #MyanmarFont #Jailbreak #Root #Applications #Games # Google Mobile#NetGuide

(Google Mobile)ဖားကန့်

Thursday, July 21, 2016

Android ဖုန်းများမှာ စက်ဟန်းခဲ့မယ်ဆိုရင်

Android ဖုန်းတော်တော်များများ ဖြစ်တက်တဲ့ error ပါ။
အချို့သော Android ဖုန်းတော်တော်များများဟာ တစ်ခါတစ်ရံမှာ
အထဲက apk တွေများနေလို့ ဒါမှမဟုတ် စက်ကတစ်စုံတစ်ရာကြောင့်
စက်ဟန်းတာကိုကြုံကြရတက်ပါတယ်။ ဒီလိုအချိန်မှာ စက်ကပူပြီးဘာမှ
နှိပ်မရဖြစ်သွားရင်တော့ အသုံးပြုသူတွေအနေနဲ့ အချို့ကဘာမှမလုပ်တက်တော့ power ပိတ်တဲ့ထိဒီတိုင်းစောင့်နေတက်ပါတယ်။ အဲလိုစောင့်နေတော့ စက်မှာ battery ပိုင်းကိုပါဒုက္ခပေးတက်ပါတယ်။

ဒါဆိုဘယ်လိုလုပ်ရင်အဆင်ပြေပါမလဲ ???
ဒီလိုအခြေအနေမှာ အချို့ကတော့ Battery ကိုဖြုတ်လိုက်ရင်အဆင်ပြေပါတယ်။ ပြီးမှ battery ပြန်တက်ပြီး စက်အေးအောင်ထား ပြန်ဖွင့် … OK ပေါ့။
battery ဖြုတ်မရတဲ့ဖုန်းတွေအတွက်တော့ အခက်အခဲရှိလာပါတယ်။
အဲလိုအခြေအနေမျူးကျရင်တော့ battery ဖြုတ်ဖို့အဆင်မပြေခဲရင်
Volume up + Volume down + Power ကိုတွဲပြီး ကြာကြာလေးနှိပ်ပေး
( Hone key ပါတဲ့ဖုန်းတွေဆိုရင်တော့ Home key ကိုပါတွဲနှိပ် ) ထားပါ။
စက္ကန့်အနည်းငယ်ကြာတာနဲ့ ဖုန်းမှာ Restart ကျသွားပါလိမ့်မယ်။
ပြန်တက်လာရင်တော့ အဆင်ပြေပြေပြန်သုံးနိုင်ပါပြီ။ ဒါပေမဲ့ စက်မှာပူနေတယ်
ဆိုရင်တော့ Power လေးခဏ off ထားလိုက်ပြီး စက်အေးသွားမှ ပြန်ဖွင့်သုံးပါ။
ဖြစ်နိုင်မယ်ဆိုရင်တော့ ဖုန်းကို မကြာခဏ Factory reset ရိုက်ပြီးသုံးနိုင်ရင်
ပိုကောင်းပါတယ်။ ဒါကြောင့် Android ဖုန်းများမှာ စက်ဟန်းခဲ့ရင် ကျတော်ပြော
ခဲ့သလိုလေး ဖြေရှင်းကြည့်နိုင်ရန် ရေးသားအကြံပြုပေးလိုက်ရပါတယ်။


                 (GoogleMobile)ဖားကန့်

Samsung , Sony , Huawei ဖုန်းသုံးမျိုးမှာ ရွေးချယ်သင့်တဲ့အချက်အချို့






ဖုန်းအသုံးပြုသူတွေအနေနဲ့ စတင်ဝယ်ယူသုံးစွဲတော့မယ်ဆိုရင်
ဘယ် brand တွေကိုသုံးသင့်လဲဆိုတာ အနည်းနဲ့အများတော့
ရွေးချယ်တက်ကြပါတယ်။ီးလိုရွေးချယ်အသုံးပြုကြတဲ့ အထဲကမှ
Samsung , Sony , Huawei brand သုံးမျိုးရဲ့ ရွေးချယ်ရန်သင့်တော်တဲ့
အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

Samsung –
Samsung ကိုရွေးချယ်ရန် စိတ်ကူးရှိရင်တော့ Feature တွေကိုသုံးရတာနျှစ်
သက်မှု့ရှိတယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ Samsung ဟာအခြား
brand တွေထက် Feature ပိုင်းမှာဆိုရင် သုံးလို့ကောင်းတယ်လို့ပြောရပါမယ်။ သူဟာအမျိုးမျိုးသော Feature တွေကို model အသစ်ထွက်တိုင်း
တိုးမြှင့်ထည့်သွင်းလာပါတယ်။ series အလိုက်လဲ မတူတဲ့ Feature တွေကို
ခံစားနိုင်အောင်လည်း ဖန်တီးပေးထားတာကြောင့် Feature ပိုင်းတွေကို
အသုံးပြုရန် စိတ်ဝင်စားတယ်ဆိုရင်တော့ Samsung ဟာ သင့်တော်ပါတယ်။
Sony –
Sony ကတော့အားလုံးသိတဲ့အတိုင်း Media ပိုင်းကိုဦးစားပေး ထုတ်လုပ်
ထားတာကိုတွေ့ရမှာပါ။ Sony ဟာအခြား brand တွေနဲ့မတူတဲ့
အသံပိုင်းဆိုင်ရာ ကင်မရာပိုင်းဆိုင်ရာ Media ပိုင်းတွေကို အရည်အသွေးမြင့်
စွာထုတ်လုပ်ထားတာတွေ့ရပါတယ်။ သူတို့ရဲ့ camera MP ဟာဆိုရင်
အခြား brand တွေနဲ့မတူ မြင့်မားစွာတပ်ဆင်ထားပါတယ်။ photo , video
တွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Music media ပိုင်းပါပဲ။ Music ပိုင်းမှာဆိုရင်တော့ နားထောင်ရတဲ့
အပိုင်းမှာ တော်တော်လေးကောင်းမွန်တာတွေ့ရတဲ့အတွက်ကြောင့် Media
ပိုင်းတွေကိုကောင်းကောင်း အသုံးပြုချင်တယ်ဆိုရင်တော့ Sony ဟာသင့်တော်ပါတယ်။
Huawei –
Huawei မှာ အသုံးပြုရန်သင့်တော်တဲ့အချက်ကတော့ ဈေးနှုန်းပိုင်းလို့ပြောရပါမယ်။ Huawei ဟာ model အမျိုးမျိုးထုတ်လုပ်နေပေမဲ့ သူဟာ လူတန်းစားအလိုက် ရွေးချယ်နိုင်တဲ့ အမျိုးမျိုးသောသင့်တော်တဲ့ ဈေးနှုန်းလေးတွေနဲ့
ရောင်းချပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် Huawei ဖုန်းများဟာ လိုအပ်တဲ့
spare part ပစ္စည်းများဆိုရင်လဲ ဈေးကွက်ထဲမှာ အဆင်ပြေပြေ၀ယ်ယူရန်
အဆင်သင့်ရှိတဲ့အတွက်ကြောင့် တစ်ခုခုပျက်စီးခဲ့မယ်ဆိုရင်လဲ ပြင်ဆင်ချိန်ကို
သက်သာစေပါတယ်။ ဒါကြောင့် Huawei ဟာ ဈေးနှုန်းပိုင်းနဲ့ပတ်သတ်ပြီး
စဉ်းစားမယ်ဆိုရင်တော့ Huawei brand ဟာ သင့်တော့ပါတယ်။


                    (GoogleMobile)ဖားကန့်

iPhone 6S မှာတဲ့ 3D Touch အသုံးပြုနည်း



















iPhone 6S မှာ 3D Touch ပါဝင်လာပြီး တစ်ခြား iPhone တွေမှာမပါဝင်တဲ့ အသုံးပြုပုံတွေပါဝင်လာပါတယ်။ ဒါပေမဲ့ လူသိနည်းနေတာကြောင့်ဖော်ပြပေးလိုက်ပါတယ်။
Home Screen
Home Screen မှာ app တွေကို 3D Touch နဲ့အသုံးပြုပြီး လိုအပ်တဲ့ feature ကိုပဲဖွင့်နိုင်ပါတယ်။
Safari
Safari မှာ 3D Touch ကို Preview tab လုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်။ Safari tab တွေကိုဖွင့်လိုက်ပြီး tab တစ်ခုကို 3D Touch နှိပ်လိုက်ရင် မဝင်သွားပဲ preview အနေနဲ့ ပြပေးမှာဖြစ်ပြီး လွှတ်လိုက်တာနဲ့ tab တွေအကုန်ပြတဲ့နေရာပြန်ရောက်သွားမှာပါ။
Message
Message တွေဖတ်မယ်ဆိုရင်လဲ 3D Touch နဲ့နှိပ်ပြီး preview ဖတ်နိုင်မှာဖြစ်ပါတယ်။ unread notification ဖြစ်တဲ့ အပြာရောင်အဝိုင်းလေးလဲပျောက်မှာမဟုတ်ပါဘူး။ preview နေတဲ့အချိန်မှာ အပေါ်ကိုဆွဲတင်လိုက်မယ်ဆိုရင်တော့ reply ပြန်တာမျိုး mark as read လုပ်တာမျိုးတွေ လုပ်နိုင်မှာဖြစ်ပါတယ်
Contact Picture
ကိုယ့် Contact တစ်ယောက်ကိုတစ်ခြား app တွေမှာတွေ့ရင် သူတို့ရဲ့ contact photo ကိုနှိပ်လိုက်တာနဲ့ infomation တွေအကုန်ကျလာမှာဖြစ်ပြီး ဖုန်းခေါ်တာမျိုး mail ပို့တာမျိုးလျှင်လျှင်မြန်မြန်လုပ်နိုင်မှာဖြစ်ပါတယ်။
Text Selection
Text Selection လုပ်ရတာပိုမြန်လာပါတယ်။ ကိုယ် select လုပ်ချင်တာစာကို ထိလိုက်ရင် ပုံမှန် select ဖြစ်သွားပါတယ်။ အဲ့ဒါကိုမလွှတ်ပဲ 3D Touch နဲ့ဆက်ဆွဲမယ်ဆိုရင်တော့ စာတွေကို select လုပ်ပေးမှာဖြစ်ပါတယ်။
Multitasking
App Switcher ကိုဖွင့်ဖို့ Home Button ကိုနှစ်ချက်နှိပ်စရာမလိုတော့ပါဘူး။ 3D Touch နဲ့ ဘယ်ဘက် screen အစွန်းကနေဆွဲလိုက်ရင် app တစ်ခုနဲ့တစ်ခုကူးသွားတာမျိုး app switcher ကိုဖွင့်တာမျိုးလုပ်နိုင်ပါတယ်။